bap-logo
Data

ပုလဲမြို့နယ်တွင် ဂိတ် ကိုးဂိတ်မှ ဇူလိုင်လအတွင်း အခွန်ငွေ သိန်းတစ်ရာကျော်ရရှိဟု ပအဖ အသိပေး

8gWvsA4KKDLS4j2_0Axx9-image

လွန်ခဲ့သော ၂ နှစ် က

ဩဂုတ် ၂၃။

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ဇူလိုင်လအတွင်း ဂိတ် ကိုးဂိတ်မှရရှိသည့် အခွန်ငွေရှင်းတမ်းကို ဩဂုတ် ၁၄ ရက်က ပြုလုပ်ခဲ့ရာ ကျပ်ငွေ သိန်းတစ်ရာကျော် (၁၆၂,၁၄၃,၀၀ ကျပ်) ရရှိခဲ့သည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ယနေ့ အသိပေးထုတ်ပြန်သည်။

 

အဆိုပါ ဘဏ္ဍာငွေခွဲဝေရေးရှင်းတမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ များနှင့် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

 

ရရှိသည့် ဘဏ္ဍာငွေများကို ဘဏ္ဍာရေးတာဝန်ခံမှ NUG စီမံဘဏ္ဍာခွန်ဝန်ကြီးဌာန၊ "ပအဖ" နှင့် "ပကဖ" လုပ်ငန်းစဉ်အသီးသီးအတွက် ၃၀ ရာခိုင်နှုန်းစီ (၄,၈၆၄,၂၉၀ ကျပ်စီ)၊ အရေးပေါ်နှင့် သဘာဝပတ်ဝန်းကျင်အတွက် ၁၀ ရာခိုင်နှုန်း (၁,၆၂၁,၄၃၀ ကျပ်) အသီးသီး ခွဲဝေပေးခဲ့သည်ဟု အသိ ပေးသည်။

 

ဒါ့အပြင် "ပအဖ"လုပ်ငန်းစဉ်အတွက်ရရှိသော အခွန်ငွေများကို လူသားစာနာ၊ အမျိုးသမီး၊ ကလေးနှင့် လူငယ်ရေးရာ၊ ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေး၊ ရုံးအသုံးစရိတ်တို့အတွက် အစည်းအဝေးဆုံးဖြတ်ချက် ဖြင့် ခွဲဝေပေးခဲ့သည်ဟု ဆိုသည်။

 

"ပကဖ"လုပ်ငန်းစဉ်အတွက်ရရှိသော အခွန်ငွေများကို မြို့နယ် "ပကဖ" အဖွဲ့ဝင်များက မြို့နယ်ကာကွယ်ရေး၊ စစ်ရေးအတွက် မျက်နှာစုံညီ ခွဲတမ်းချ အသုံးပြုသွားမည်ဟုလည်း သိရသည်။

 

Burma Associated Press

Check point
Sagaing
Pale

Share With
bap-logo