bap-logo
Politics

စစ်ကောင်စီတပ် မီးရှို့ခဲ့တာကြောင့် အသက် ၉၅ နှစ်အရွယ် အဖွားအိုတစ်ဦး သေဆုံး

23LkjNN3AavcKgOaQRDV4-image

လွန်ခဲ့သော တစ်နှစ် က

စစ်ကိုင်း၊ ​ဖေ​​ဖော်ဝါရီ ၄။

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းရွာက အိမ်ခြေ ၉၂ အိမ်ကို ဖေဖော်ဝါရီ ၃ ရက် ညနေက စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် အသက် ၉၅ နှစ်အရွယ် အဖွားအိုတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ နီးပါးဟာ ဘုပကျေးရွာမှာ ညအိပ်တပ်စွဲပြီး နဂါးတွင်းရွာကို ဝင်ရောက် မီးရှို့ ဖျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

"မီးရှို့ခံရတဲ့ရွာက လူ ၃၀၀ ကျော်ရှိတာ၊ ရှောင်ပြေးနေကြရတယ်၊ အိမ်တွေလည်း အကုန် ပျက်စီးကြကုန်ပြီ"လို့ ဒေသခံတဦးက ပြောပါတယ်။

 

စစ်ကောင်စီတပ်တွေဟာ တောပုရွာမှာ တပ်စွဲထားပြီး မုံရွာမြို့ထဲ ပြန်ဝင်ရာလမ်းတလျှောက်က ရွာတွေကို မီးရှို့ဖျက်စီးနေကြတာလို့ ဒေသခံတွေဆီက သိရပါတယ်။

 

တောပုရွာမှာရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီနေ့ ဇန်နဝါရီ ၄ ရက် ညနေ (၄) နာရီအချိန်က မအူစစ်ဆေးရေးဂိတ်ကို ပြန်လည်ဝင်ရောက်ပြီး မအူဂိတ်ကနေတစ်ဆင့် ကား ၃ စီးနဲ့ မုံရွာမြို့ထဲ ပြန်လည်ဝင်ရောက်သွားကြတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

 

ဓါတ်ပုံ- လူမှုကွန်ရက်

Burma Associated Press

 

Sagaing
civilian
Junta
died
arson attack

Share With
bap-logo