bap-logo
Data

နိုင်ငံအ၀န်း အိုးအိမ်နေရပ်စွန့်ခွာသူ ဦးရေ ၁.၂သန်း အထိရှိလာဟု UNOCHA Myanmar ဆို

HdQyZaPiDSsOZWzf2suZO-image

လွန်ခဲ့သော ၂ နှစ် က

 

ဖေဖော်ဝါရီ

 

စစ်ကောင်စီတပ် အာဏာစသိမ်းချိန်မှ ယခုနှစ် ဇန်နဝါရီ ၃၀ ရက်အထိ ပြည်တွင်းပဋိပက္ခနှင့် မလုံခြုံမှုများ ကြောင့် အိုးအိမ်နေရပ်စွန့်ခွာထွက်ပြေးသူ ဦးရေ . သန်းအထိရှိလာကြောင်း UNOCHA Myanmar ထံမှ သိရသည်။

 

ပြီးခဲ့သည့် ရက်သတ္တပတ်တွင်လည်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ အပါအဝင် ပြင်းထန်သည့် တိုက်ပွဲများကြောင့် အရပ်သားထိခိုက် သေဆုံးမှု၊ အိုးအိမ် စွန့်စွာ တိမ်းရှောင်မှု၊ အရပ်သားပိုင်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုမှာ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

 

" ၂၀၂၂ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကစပြီး ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွား နေတာကြောင့် ကရင်ပြည်နယ်အတွင်း လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေက စိုးရိမ်စရာ ဖြစ်နေပါတယ်" ဟု ယင်းအဖွဲ့အစည်းက ဆိုထားသည်။

 

အဆိုပါတိုက်ပွဲများကြောင့် ကျေးရွာ ၂၀ မှလူဦးရေ ၁၇,၀၀၀ ခန့်သည် နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး၊ လက်ရှိမှာ ထိုင်း-မြန်မာနယ်စပ်အနီးက တောတောင်များထဲတွင် ခုံလှုံနေကြရကာ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာ အကူအညီများ အရေးပေါ်လိုအပ်လျက်ရှိနေသည်။

 

ထို့အပြင် ကယားပြည်နယ်နှင့် ကရင်ပြည်နယ် အနှံ့အပြားမှ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးများ ပိုမို တင်းကျပ်ထားသောကြောင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဝေးလံသည့် ဒေသများမှ စစ်ရှောင်ပြည်သူများထံ ရောက်ရှိအကူအညီပေးနိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ယင်းအဖွဲ့က ပြောသည်။

 

အကြောင်းအမျိုးမျိုးကြောင့် အိုးအိမ်စွန့်ခွာနေထိုင်ရသူဦးရေမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်အထိ ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ အိုးအိမ်စွန့်ခွာ နေထိုင်ရသူ ဦးရေ ၃၆၁,၀၀၀ အထိ များပြားလာနေသည်ဟု ဆိုသည်။

 

Burma Associated Press

 

 

KNU/KNLA
Refugee
Military
Karen
Myanmar
UNOCHA Myanmar

Share With
bap-logo