bap-logo
Politics

အာဆီယံ လူထုဖိုရမ်က မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာ

HZejd6h_G3fmSw2Z4tOFS-image

လွန်ခဲ့သော ၂ နှစ် က

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကတာတာမှာ ယခုလ ၁ ရက်နေ ၃ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့တဲ့ အာဆီယံလူထုဖိုရမ်မှာ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲအဖြစ် သတ်မှတ်တယ်လို့ ကြေညာခဲ့ ပါတယ်။

 

 

အာဆီယံဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စ် နဲ့ ဗီယက်နမ်က အရပ်ဘက်အဖွဲ့တွေစုဝေးဆွေးနွေးကြတဲ့ ဖိုရမ်မှာ နိုင်ငံအလိုက်ကိုယ်စားပြုသူတွေက အဲဒီ ကြေညာချက်ကိုဖတ်ကြားခဲ့ကြတာပါ။

 

 

မြန်မာနိုင်ငံက ပြည်သူတွေဟာ နိုင်ငံလုံးဆိုင်ရာ ဒစ်ဂျစ်တယ် စောင့်ကြည့်ခံရမှု၊ အင်တာနက် ပိတ်ပင်ခံရမှု၊ လိင်အခြေခံ အကြမ်းဖက်မှု၊ အတင်းအဓမ္မ ပျောက်ဆုံးမှု၊ လေကြောင်း ဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ခေါင်းဖြတ်မှု၊ တရားလက်လွတ် ဖမ်းဆီးမှု၊ နှိပ်စက်မှုတွေနဲ့ အကျဥ်းထောင်အတွင်း ကြိုးပေးကွပ်မျက်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရတယ်လို့လည်း ကြေညာခဲ့ပါတယ်။

.

 

အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် စက်တင်ဘာလ  ၁ ရက်အထိ  အမျိုးသမီး ၆၀၂ ဦးအပါအဝင် အရပ်သား တက်ကြွလှုပ်ရှားသူ ၄၀၂၉ ဦး အသတ်ခံခဲ့ရပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။

 

 

မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်နေတာကြောင့် ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတာဖြစ်လို့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တယ်လို့်ဆိုပါတယ်။

 

Photo- APF

Burma Associated Press

ASEAN People's Forum
Myanmar
Military
Terrorist Organizations

Share With
bap-logo