bap-logo
Education

FOEIM ကျောင်းဖြစ်စဉ်နှင့်ပတ်သက် သည့်အစီရင် ခံစာများကို NUG သို့တင်သွင်းပြီးဖြစ်

H2f8bBZzw4tZZ8PUd_ptB-image

လွန်ခဲ့သော ၃ နှစ် က

ဘီအေပီ၊ ဇန်နဝါရီ ၁၅။

 

 

Free Online Education Institution Myanmar (FOEIM) ကျောင်းဖြစ်စဉ်နှင့် ပတ်သက်သည့်အစီရင် ခံစာများကို တင်သွင်းပြီးဖြစ်ကြောင်း NUG ၏ပညာရေးဝန်ကြီးဌာနမှသိရသည်။

 

 

အဆိုပါကျောင်းသည် နွေဦးတော်လှန်ရေးကာလအတွင်းပထမဦးဆုံးအနေဖြင့် တည်ထောင်ခဲ့သည့် အွန်လိုင်း ကျောင်းတစ်ခုဖြစ်ပြီး၊ ကျောင်းသား၊သူအများအပြားတက်ရောက်ခဲ့သည်။

 

 

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်နိုဝင်ဘာအတွင်းတွင် ယင်းအဖွဲ့အစည်း၏ ရုံးအတွင်းငွေကြေးစီမံမှုပွင့်လင်း မြင်သာခြင်း အပါအဝင် ငွေစာရင်းရှင်းတမ်းနှင့် စပ်လျဉ်းသည့်အကြောင်းကိစ္စများ ဖြစ်ပွားခဲ့သည်။

 

 

ယင်းအကြောင်းအရာနှင့်ပတ်သက်သည့် အပြီးသတ်အစီရင်ခံစာကိုကြားနာစုံစမ်းရေးအဖွဲ့က အမျိုးသား ညီညွတ်ရေးအစိုးရထံသို့တင်သွင်းခဲ့ပြီးဖြစ်ကာ၊ ကြားနာစုံစမ်းရေးအဖွဲ့၏ စုံစမ်းတွေ့ရှိမှုအစီ ရင်ခံစာကို မိဘပြည်သူများသိရှိစေရန် မကြာမီတွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း NUG ၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 

 

" အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနသည် တိုင်ကြားသူများ၊ တိုင်ကြားခံရသူနှင့် သင်ကြားရေး ဆရာ၊ ဆရာမများကို တွေ့ဆုံပြီး နွေဦးတော်လှန်ရေးကိုမျက်နှာမူ၍ ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းသွားမည် ဖြစ်ပါသည်" ဟု ယင်းဌာန ကဆိုသည်။

 

 

ထို့ပြင် ယင်းဌာနက လက်ရှိတွင် ကျောင်းသား၊ကျောင်းသူများ ပညာရေးအခွင့်အလမ်းမဆုံးရှုံးရန်နှင့် လက်ရှိ သင်ယူနေမှုများကို အာမခံချက်ရှိအောင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ မိဘအုပ်ထိန်းသူများ၊ ဆရာ၊ဆရာမများ ကျောင်းသူကျောင်း သားများအနေဖြင့် စိတ်ပူပန်မှုမရှိဘဲပညာသင်ကြားရေးကို ဆက်လက်ဆောင်ရွက်သွားရန်မေတ္တာ ရပ်ခံပန်ကြားထားသည်။

 

 

" ဝန်ကြီးဌာနအနေနဲ့ရော မိမိအနေနဲ့ရော online နှင့် မြေပြင်ကျောင်းပေါင်းများစွာကို ချိတ်ဆက် ဆက်ဆံ လျက်ရှိရာ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကို ထူးခြားအခွင့်အရေးပေးဆက်ဆံခြင်းမရှိခဲ့ပါ။ ဝန်ကြီးဌာန အနေနဲ့ ကြားနာစုံစမ်းရေး အဖွဲ့ရဲ့တင်ပြချက်တွေအပေါ်မည်သူ့မျက်နှာမှမလိုက်၊ ပြည်သူလူထုနဲ့ တော်လှန်ရေး ကိုသာ မျက်နှာမူကာလုပ်ဆောင် သင့်လုပ်ဆောင်ထိုက်သည်များကိုဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်" ဟု ပညာရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီး ဂျာထွယ်ပန်ကဆိုခဲ့သည်။

 

 

အဆိုပါ Free Online Education Institution Myanmar(FOEIM) ကိုစတင်တည်ထောင်ချိန်တွင် အခမဲ့ သင်ကြားရေးစနစ်ဖြစ်ပြီး၊ ဒုတိယစာသင်နှစ်တွင် အတန်းအလိုက် ကျောင်းအပ်နှံခများကိုစတင် ကောက်ခံခဲ့ ကြောင်းသိရသည်။

 

" အစ်မသမီးက FOEIM စစဖွင့်ချင်းမှာတက်ဖြစ်တယ်။ စာသင်နှစ်တစ်နှစ်ကုန်သွားပြီး၊ နောက်တစ်နှစ် ထပ် တက်ဖို့ အကြောင်းကြားထားပြီးပေ့ါ။ ဒါပေမယ့် တည်ထောင်သူနဲ့ အဖွဲ့ဝင်တွေကြားပိုက်ဆံ အရှုပ်အရှင်း ကိစ္စတွေဖြစ်နေတော့ နည်းနည်းစဉ်းစားနေရတယ်" ဟု အလယ်တန်းကျောင်းသူ တစ်ဦး၏ မိခင်ကပြောသည်။

 

Free Online Education Institution Myanmar
Ministry of Education
NUG

Share With
bap-logo