bap-logo
Local News

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘောလခဲမြို့နယ်မှ ပြည်သူနှစ်ဦးသေဆုံး

Y8TnYF144ilHSrmDO-0rG-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၂၄။

ကရင်နီတွင် စစ်ကောင်စီက ယမန်နေ့ (မတ်လ ၂၃) ရက်က ဘောလခဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် ပြည်သူနှစ်ဦး သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု-PKPF ထံမှ သိရသည်။

 

ညနေ ၄ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းပစ်ခတ်မှုကြောင့် ဘောလခဲမြို့နယ်မှ ပြည်သူ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်ဟု PKPF က ဆိုသည်။

 

ပြီးခဲ့သည့် မတ်လ ၁၄ ရက်လည်း ရှမ်း-ကယား နယ်စပ်တစ်နေရာတွင် အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ပြည်သူ လေးဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်ဟု PKPF ကဆိုထားသည်။

 

စစ်အာဏာသိမ်းခဲ့သည့်အချိန်မှ ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကရင်နီပြည်တွင် တိုက်ပွဲပေါင်း ၆၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ သတ်ဖြတ်ခံရမှု ၃၀၉ ဦးနှင့် စစ်ရှောင်ရင်း သေဆုံးသူ ၁၃၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ လေကြောင်းတိုက်ခိုက်မှု ၁၉၇ ကြိမ်ရှိခဲ့ပြီး ဘာသာရေး အဆောက်အဦးပျက်စီးမှု ၃၀ လုံး ရှိခဲ့သည် ဟုလည်း PKPF ထံမှသိရသည်။

 

လတ်တလောတွင်လည်း စစ်ရေးအခြေအနေ တင်းမာနေသည့်အတွက် ဘောလခဲ-ဖားဆောင်း လမ်းမကြီးနှင့် ဘောလခဲ-ရွာသစ်လမ်းမကြီးကို သွားလာခွင့်ရက်အကန့်အသတ်မရှိ ပိတ်သွားမည်ဟု ဘောလခဲ ပြည်သူ့ ကာကွယ်ရေးတပ် ( BPDF ) က မတ်လ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

 

ပုံစာ - ပြီးခဲ့သည့်ရက်က ကရင်နီပြည် ဘောလခဲမြို့နယ်၊ ရေနီပေါက်နှင့် မိုင်းထမ်းကျေးရွာအတွင်း ကျရောက်ခဲ့ သည့် လက်နက်ကြီးကျည်များ (ဓာတ်ပုံ- CJ)

Burma Associated Press

Civilian
Karenni
killed
Military

Share With
bap-logo