bap-logo
International

Facebook က လစဉ်ကြေးဖြင့် ဘလူးမတ်ဝန်ဆောင်မှု ပေးတော့မည်

ETxCsWYR8tqGHwmco0km6-image

လွန်ခဲ့သော ၂ နှစ် က

 

ဖေဖော်ဝါရီ ၂၀

 

Facebook မိခင်ကုမ္ပဏီ Meta Platforms သည် လစဉ်ကြေးဖြင့် အသုံးပြုနိုင်မည့် Meta Verified ဝန်ဆောင်မှုကို စမ်းသပ်မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့က ကြေညာခဲ့သည်။

 

ဝန်ဆောင်မှုအသစ်အရ အသုံးပြုသူများအနေဖြင့် ကိုယ်ပိုင် ID အသုံးပြုကာ တရားဝင်အသိအမှတ်ပြုကြောင်း အပြာရောင်အမှန်ခြစ် (Blue Mark) ရယူနိုင်မည်ဖြစ်သည်။

 

ယခုသတင်းပတ်နှောင်းပိုင်းတွင် စတင်မိတ်ဆက်ရန် စီစဉ်ထားသည့် အင်စတာဂရမ်နှင့် ဖေ့စ်ဘွတ်ဝန်ဆောင်မှု များတွင် အကောင့်တုပပြုလုပ်ခြင်းအန္တရာယ်အတွက် ပိုမိုကောင်းမွန်သည့် အကာအကွယ် ဝန်ဆောင်မှုပါဝင်မည် ဖြစ်ပြီး ရိုးရိုးဝဘ်ဆိုက်အတွက် တစ်လလျှင် ၁၁ ဒသမ ၉၉ ဒေါ်လာနှင့် iOS သို့မဟုတ် Android အတွက် ၁၄ ဒသမ ၉၉ ဒေါ်လာ သတ်မှတ်ထားသည်။

 

Meta Verified ကို ယခုသတင်းပတ်အတွင်း ဩစတေးလျနှင့် နယူးဇီလန်တွင် စတင်မိတ်ဆက်မှာဖြစ်ပြီး ဖြည်းဖြည်းချင်း အခြားနိုင်ငံများကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။

 

ပြီးခဲ့သည့်လက ဆိုရှယ်မီဒီယာကုမ္ပဏီ တွစ်တာကလည်း ၎င်းတို့၏ Twitter Blue အတွက် တစ်လလျှင် ၁၁ ဒေါ်လာတန် ဝန်ဆောင်မှုနှင့် မိတ်ဆက်ထားသည်။

 

အခြားသော ဆိုရှယ်အက်ပ်များဖြစ်သည့် Snapchat နှင့် Telegram တို့ကလည်း ဝင်ငွေရပေါက် တစ်ခုအနေ ဖြင့် ပြီးခဲ့သည့်နှစ်က အခကြေးဖြင့်အသုံးပြုနိုင်သည့် ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့ကြသည်။

 

Source/ပုံ – CNA/Business Times

 

Burma Associated Press

 

 

International
Meta
bluemark

Share With
bap-logo