bap-logo
Data

ကရင်နီက သေးဆူလဲ၊ ပူဖားကျေးရွာရှိ စစ်ကောင်စီ ခြေကုပ်စခန်းများတိုက်ခိုက်ခံရ

Ur7hP1Xq9lsel5BaGkXIK-image

လွန်ခဲ့သော ၂ နှစ် က

စက်တင်ဘာ ၄။

 

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သေးဆူလဲကျေးရွာနှင့် ပူဖားကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ၏ တပ်စခန်းများအား စက်တင်ဘာ ရက်တွင် ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုများက ဝင်ရောက်စီးနင်းခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ယနေ့ ထုတ်ပြန်သည်။

 

စီးနင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးက ၎င်းလက်အောက်ရှိ အရာရှိများနှင့် တပ်သား များကို အသေခံပစ်ခိုင်းကာ ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးကာ ဒဏ်ရာရရှိသူများပြားပြီး ဦးတည်ရာမဲ့ထွက်ပြေးနေသူများလည်း ရှိသည်ဟု KNDFက ဆိုသည်။

 

ထို့ပြင် စီးနင်းတိုက်ခိုက်မှုအတွင်း လက်နက်ငယ်မျိုးစုံ ၁၅ လက်၊ ၆၀ မမ ပြောင်း လက်၊ RPG-7 လက်၊ ငါးကြင်းမြီး လက်၊ ဆက်စပ် ခဲယမ်းမီးကျောက်များ၊ ကျည်ဆံများ၊ ဆက်သွယ်ရေးစက်များနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးထားသည်။

 

 

အဆိုပါစခန်းများကို ကရင်နီတပ်မတော်- KA ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး -ကလလတ၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်- DMO Local PDF အလယ်ပိုင်းတိုင်း - ကရင်နီ(ကယား) စစ်ဒေသခွဲတပ်ရင်းများပူးပေါင်းစစ်ကြောင်းနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF တို့က ပူးပေါင်း၍ တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

 

 ပုံစာ- ကရင်နီပူးပေါင်းတပ်များက သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

ဓာတ်ပုံ- KNDF

 

Burma Associated Press

Karenni
KNDF
Military

Share With
bap-logo