bap-logo
International

တူရကီငလျင်လှုပ်ခတ်မှု သေဆုံးသူ ၄,၀၀၀ နီးပါးမြင့်တက်လာ

B2aBU380eZ6d8xmmAnQG3-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ

 

တူရကီနှင့် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းတွင် တနင်္လာနေ့အစောပိုင်းက ဒသမ ပြင်းအား ရှိသည့် ငလျင်ကြီးတစ်ခုလှုပ်ခတ်ပြီးနောက် သေဆုံးသူအရေအတွက် ,၈၀၀ ကျော်ထိ မြင့်တက်လာကာ လူထောင် ပေါင်းများစွာ ဒဏ်ရာရ၊ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

 

ရစ်ချ်တာစကေး ဒသမ အဆင့်ရှိ မြေငလျင်ကြောင့် တူရကီမြို့ကြီးများရှိ တိုက်တန်းအများအပြား ပြိုကျခဲ့ပြီး ဆီးရီးယားနိုင်ငံရှိ ကာလရှည်ဘေးရှောင်များအတွက်လည်း အပျက်အစီးများကြား တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်ခဲ့ရသည်။

 

မြေငလျင်သည် အလွန်အေးစက်သည့်ဆောင်းရာသီမိုးမသောက်မီ စတင်လှုပ်ခတ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် နောက်ထပ် ငလျင်ကြီးတစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

 

"ပုခက်တစ်ခုလို လှုပ်ခတ်သွားတာ။ ကျွန်မတို့အိမ်မှာ မိသားစုဝင်အားလုံးပေါင်း ယောက်ရှိတယ်။ ကျွန်မ သားနှစ်ယောက်က အခုအချိန်ထိ အပျက်အစီးတွေကြားမှာပဲ။ အခု ကျွန်မ သူတို့ကို စောင့်နေတာ" ဟု တူရကီ အရှေ့တောင်ပိုင်း Diyarbakir မြို့ရှိ ခုနစ်ထပ်တိုက်တန်းအပျက်အစီးအနီးမှ အမျိုးသမီး တစ်ဦးက ဆိုသည်။

 

ငလျင်အတွေ့အကြုံနှင့်ပတ်သက်ပြီး ဆီးရီးယားမြောက်ပိုင်း Atareb မြို့မှ Abdul Salam al-Mahmoud ကလည်း "ကမ္ဘာပျက်သလိုပါပဲ။ ရာသီဥတုကလည်း သေမလောက်အေးတယ်။ မိုးကလည်း သည်းတယ်။ လူတွေကို ဝိုင်းဝန်းပြီး အသက်ကယ်မှဖြစ်မယ်" ဟု ပြောသည်။

 

အမေရိကန်ဘူမိဗေဒစစ်တမ်းအရ ယခုငလျင်သည်  ဝေးလံခေါင်သီသော တောင်အတ္တလန္တိတ်ငလျင် ၂၀၂၁ ဩဂုတ်လ နောက်ပိုင်း အကြီးမားဆုံးငလျင်ဖြစ်ကြောင်း သိရသည်။

 

တူရကီ ဘေးအန္တရာယ်နှင့် အရေးပေါ်စီမံခန့်ခွဲမှု အာ ဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ တူရကီတွင် သေဆုံးသူ ,၃၇၉ ရှိခဲ့ပြီး လူ ၁၇,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့သည့် ၁၉၉၉ ခုနှစ် ငလျင်နောက်ပိုင်း တူရကီ သမိုင်းတစ်လျောက် အသေအပျောက်အများဆုံး ဖြစ်ကြောင်း သိရသည်။

 

ဆီးရီးယားဘက်ခြမ်းတွင်မူ သေဆုံးသူ ,၄၄၄ ဦးရှိကာ ,၅၀၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့ကြောင်း ဒမတ်စ်ကတ် အစိုးရနှင့် သူပုန်များထိန်းချုပ်ရာ အနောက်မြောက်ပိုင်းဒေသရှိ ကယ်ဆယ်ရေး လုပ်သားများ၏ ကိန်းဂဏန်း များအရ သိရသည်။

 

ထို့အပြင် အင်တာနက်ချိတ်ဆက်မှုအားနည်းမှုနှင့် ထိခိုက်မှုအများဆုံး တူရကီမြို့ကြီးများကြား ဆက်သွယ်ရေး လမ်းမများပျက်စီးသွားခြင်းကြောင့် ကယ်ဆယ်ရေးကြိုးပမ်းမှုနှင့် ပျက်စီးမှု အတိုင်းအတာ တွက်ချက်မှု ကြန့်ကြာနေကြောင်း သိရသည်။

 

Burma Associated Press

turkey
earthquake

Share With
bap-logo