bap-logo
International

နိုင်ငံရေးသမားအများအပြားကို ယူကရိန်း သမ္မတဇလန်းစကီးက နိုင်ငံသားအဖြစ်မှ ဖယ်ရှား

QQC_60q9901j41r5TsAVz-image

လွန်ခဲ့သော ၂ နှစ် က

ကိဗ်ယက် - ဖေဖော်ဝါရီ ၅။


 
ယူကရိန်းသမ္မတ ဇလန်းကီးသည် နိုင်ငံအတွင်းရုရှားလိုလားသူများ၏ ဩဇာလွှမ်းမိုးမှုကို ရှင်းထုတ်သည့် အနေဖြင့် သြဇာကြီးနိုင်ငံရေးသမားအများအပြားကို နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းလိုက်သည်။


 
"
ဒီနေ့ ကျွန်တော်တို့နိုင်ငံကို ရန်စကျူးကျော်သူတွေဘက်လိုက်နေသူတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့နဲ့ အဲဒီလိုလူတွေကို ရှင်းထုတ်ဖို့ သက်ဆိုင်ရာစာရွက်စာတမ်းတွေကို လက်မှတ်ရေးထိုးလိုက်ပါတယ်" ဟု သမ္မတ ဇလန်းစကီးက ညစဉ်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။


 
သမ္မတက နာမည်စာရင်းကို ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း အဆိုပါပုဂ္ဂိုလ်များမှာ ပူးတွဲ နိုင်ငံသားများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။


 
ယူကရိန်းနိုင်ငံပိုင်သတင်းဌာန၏ ဖော်ပြချက်အရ ၂၀၁၀ မှ ၂၀၁၄ တွင် ရာထူးမှဖယ်ရှားခံရသည့် ရုရှား လိုလားသော သမ္မတဟောင်း Viktor Yanukovych ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ထိပ်တန်းနိုင်ငံရေး သမား အများအပြားပါဝင်ကြောင်း သိရသည်။


 
ယူကရိန်းအစိုးရသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့ ရုရှားကျူးကျော်စစ်စတင်ပြီးနောက်ပိုင်း ယူကရိန်း နိုင်ငံသားအများအပြားကို နိုင်ငံသားအဖြစ်မှ ဖယ်ရှားခဲ့သလို ရာချီသော ရုရှားနှင့် ဘီလာရုစ်နိုင်ငံသားများ၊ ကုမ္ပဏီများကိုလည်း ပိတ်ဆို့အရေးယူခဲ့သည်။


 
 
Source – CAN


 
ဓာတ်ပုံ - ယူကရိန်းသမ္မတ ဗလော်ဒီမာ ဇလန်းစကီး

 

 

Russia
Volodymyr Zelenskyy
Ukraine
revoke
politician

Share With
bap-logo