bap-logo
Politics

မန္တလေး ပုသိမ်ကြီးဘက်မှာ လူငယ်တစ်ယောက်ကို စစ်တပ်က ပစ်ခတ်ခဲ့

AUw2fJxqoMXhjmIgF4c3E-image

လွန်ခဲ့သော တစ်နှစ် က

မတ် ၁၁။

 

မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းရွာ၊ ရွာလယ်လမ်းမှာ ယမန်နေ့ မတ်လ ၁၀ ရက် နာရီ ဝန်းကျင်က လူငယ်တစ်ယောက်ကို စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့က သေနတ်နဲ့ သုံးချက်ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်ကြုံရသူက BAP ကို ပြောပါတယ်။

 

ကောင်လေးက ရွာလယ်လမ်းကထွက်လာတာ၊ စစ်နေတာမသိဘူးထင်တယ်၊ ဆိုင်ကယ် Tool box ဖွင့်ခိုင်းတဲ့အချိန်မှာ ထွက်ပြေးတော့ သေနတ်နဲ့ သုံးချက်လှမ်းပစ်တာ၊ လဲကျသွားတယ်၊ တရွတ်တိုက်ဆွဲသွားတာမြင်လိုက်ရတယ်လို့ အပစ်ခံရသူနဲ့ မရှေးမနှောင်းမှာ စစ်ဆေးခံရသူတစ်ဦးက ပြောပါတယ်။

 

အဆိုပါ ကုန်းတန်းရွာ၊ ရွာလယ်လမ်းဟာ ပုံမှန်စစ်ဆေးနေကျနေရာမဟုတ်ဘဲ ယမန်နေ့ည က ရှောင်တခင်စစ်တဲ့အချိန်မှာ အခုလိုဖြစ်တာလို့ဆိုပါတယ်။

 

တစ်ချိန်ထဲမှာ စစ်ဆေးခံရသူ ဦး ရှိခဲ့ပြီး သေနတ်နဲ့ ပစ်ခံရတဲ့ လူငယ်ရဲ့ အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်းမသိခဲ့ရပါဘူး။

 

သေနတ်ပစ်ပြီးတော့ အခြားလူတွေကို မီးမထွန်းဘဲ ဆိုင်ကယ်ကို မောင်းသွား ခိုင်းတယ်"လို့ ကိုယ်တိုင်ကြုံခဲ့ရသူက ပြောပါတယ်။

 

ပြီးခဲ့လပိုင်းကလည်း မန္တလေးမှာ လူငယ်တွေကို အဓိကထား စစ်ဆေးမှုတွေရှိခဲ့ပြီး ဖေဖော်ဝါရီလ ၂၅ ရက် တရက်ထဲမှာတင် လူငယ် ၁၇ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ ရပါသေးတယ်။

 

ဓာတ်ပုံ - လူမှုကွန်ရက်

 

Burma Associated Press

military
Mandalay
civilian
Killed

Share With
bap-logo