bap-logo
Politics

ဆီဆိုင်ကနေ စစ်ရှောင်နေရတဲ့ စစ်ကောင်စီ ဝန်ထမ်းတွေ လစာရဖို့မျှော်လင့်နေ

O91PTDOdizYizXjGN6ryT-image

လွန်ခဲ့သော တစ်နှစ် က

မတ် ၁၀။

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကနေ တိုက်ပွဲရှောင်ပြေးလာကြတဲ့ စစ်ကေင်စီဝန်ထမ်း (Non -CDM ) ဝန်ထမ်းတွေ လစာမရသေးတာကြောင့် ရဖို့မျော်လင့်နေကြတယ်လို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ လစာကို မတ်လ ရက်ထိမရသေးဘဲ ရုံးတွေဖက်က ငွေလွှဲရမယ့်ဖုန်းနံပါတ်ကိုသာ တောင်းထားတယ်လို့ ဝန်ထမ်းတဦးက ပြောပါတယ်။

 

"မိသားစုလိုက်ရှောင်ပြေးလာရတာ၊ ဘာမှ လဲမပါ၊ နေမကောင်းသူတွေလည်း ပါနေတော့ လစာလေးမျှော် နေတာပေါ့၊ လူမမာရှိတဲ့အိမ်မို့ ဒီလစာတခုပဲရှိလို့ CDM တောင်မလုပ်ခဲ့တာ နောက်လတွေပါမရရင် အခက်တွေ့ပြီ"လို့ ဝန်ထမ်းတဦးက ပြောပါတယ်။

 

ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ထိန်းချုပ်ထားပြီး၊ ဆီဆိုင်မြို့နယ်မှာ စစ်တပ်နဲ့ PNO ကတဖက်၊ PNLA မဟာ မိတ်တပ်တွေကတဖက် အခုနှစ် ဇန်နဝါရီ ၂၂ ရက်ကစတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် တမြို့လုံးနီးပါး ရှောင်ပြေးနေရတာဖြစ်ပါတယ်။

 

ဆီဆိုင်မြို့ဌာနအချို့က ဝန်ထမ်းတွေက တောင်ကြီးမြို့ကရုံးတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြပေမယ့် အများစု ကတော့ အလုပ်မဝင်ရသေးဘဲ ဆွေမျိုးတွေနေအိမ်မှာ ခိုလှုံနေကြရတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

 

"လဝကတို့ ထွေအုပ်တို့ စစ်တပ်ရဲဝန် ထမ်းတွေကတော့ တောင်ကြီးမြို့က ဝန်ထမ်းအိမ်ယာတွေမှာနေနေကြတယ်၊ အခြားဝန်ထမ်းတွေက နေစရာလဲမပေး၊ လစာလဲမရတော့ ဒုက္ခရောက်ရတယ်"လို့ ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။

 

ဆီဆိုင်မြို့မှာ စစ်ရှောင်နေတဲ့ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အပါဝင် ဆီဆိုင်မြို့ခံ သောင်းကျော် တောင်ကြီးမြို့နဲ့ အနီးက ကျေးရွာတွေမှာ ရှောင်ပြေးနေကြရတယ်လို့ စစ်ရှောင်ကူညီပေးသူအချို့ဆီက သိရပါတယ်။

 

Burma Associated Press

Sisai
Non- CDM
Salary
SAC

Share With
bap-logo