bap-logo
Data

စိန်ခေါ်မှုများနှင့် မြန်မာကလေးငယ်များ

86_eZCyXToqw8UP6yLVBg-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖေါ်ဝါရီ ၁၃

 

ယနေ့ ဖေဖေါ်ဝါရီလ ၁၃ ရက်သည် မြန်မာနိုင်ငံကလေးငယ်များနေ့ ဖြစ်သည်။

 

စစ်အာဏာသိမ်းမှုနှင့် ယင်းမတိုင်မီကပင် မြန်မာကလေးငယ်တို့သည် ကျန်းမာရေး၊ လုံခြုံမှု၊ ပညာရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်။

 

ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့ (UNICEF) အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) တို့၏ ၂၀၂၂ ခုနှစ်အတွင်းနှင့် ယနေ့ မျက်မှောက်ကာလအထိ ထုတ်ပြန်ထားသော မြန်မာကလေးငယ်များနှင့် ပတ်သက်သည့် ကိန်းဂဏန်းအချက်အလက်များကို BAP က ဖော်ပြလိုက်ပါသည်။

 

 

၅ နှစ်အောက် ကလေး ၁၀ ဦးတွင် ၃ ဦးသည် သင့်တော်သည့် အာဟာရ မရရှိပေ။

 

 

ကလေး ၃ သန်းကျော်သည် သန့်ရှင်းသည့်ရေ မရရှိသဖြင့် ကျန်းမာရေး အန္တရာယ်များစွာနှင့် ကြုံတွေ့ နေရသည်။

 

 

မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေသည့် ပစ္စည်းများကြောင့် သေဆုံးဒဏ်ရာရသူ သုံးပုံတစ်ပုံကျော် မှာ ကလေးငယ်များ ဖြစ်သည်။

 

 

ကလေး ၅.၆ သန်းကျော်သည် လူသားချင်းစာနာထောက်ထားရေး အကူအညီများ အရေးတကြီး လိုအပ်နေသည်။

 

 

ပုံမှန်ကာကွယ်ဆေးထိုးနှံမှု မရရှိနိုင်သည့် ကလေးငယ် ၃ သိန်းခန့်သည် ကြိုတင်ကာကွယ်နိုင်သည့် ရောဂါဖြစ်ပွားနိုင်ခြေ အလွန်များနေသည်။

 

 

မသန်စွမ်းကလေး ၁.၆ သန်းကျော်ရှိပြီး အကျပ်အတည်းကာလအတွင်း လျစ်လျူရှုခံရခြင်း၊ ညှဉ်းပန်း နှိပ်စက်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်းကဲ့သို့ များစွာသော ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရ သည်။

 

 

ကလေးလုပ်သား ၁.၁၃ သန်းကျော်အနက် ထက်ဝက်ခန့်သည် အန္တရာယ်ရှိသော လုပ်ငန်းခွင်တွင် လုပ်ကိုင်နေရသည်။

 

Burma Associated Press

Children
Education
ILO
unicef
Myanmar
Health

Share With
bap-logo