bap-logo
Politics

အွန်လိုင်းလိမ်လည်မှုလုပ်ဆောင်နေသော အမျိုးသား ငါးဦးကို MNDAA က တရုတ်အစိုးရထံလွှဲအပ်

57CphYvdeSxKkwOZZB-Lh-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၂၀။

 

အွန်လိုင်းလိမ်လည်မှုလုပ်ဆောင်နေသည်ဆိုသော တရုတ်အမျိုးသား ငါးဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က ယမန်နေ့က တရုတ်အစိုးရထံ ပြန်လွှဲပေးခဲ့သည်။

 

ကိုးကန့်ဒေသ မုံးကိုးခရိုင်အုပ်ချုပ်ရေးအဖွဲ့မှဒေသလုံခြုံရေးအဖွဲ့သည် ရပ်ကွက်များသွား ရောက် စစ်ဆေး ချိန်တွင် တရုတ်အမျိုးသား ငါးဦးကို တွေ့ရှိခဲ့သည်ဟုဆိုသည်။

 

စုံစမ်းမေးမြန်းပြီးနောက် ၎င်းတို့ ငါးဦးမှာ အလိမ်ခံရပြီး ဒေသတွင်း အွန်လိုင်း လိမ်လည်မှုကို လုပ်ဆောင်နေရ သည်ကို သိရှိရသည်ဟု MNDAA ကဆိုသည်။

 

၎င်းတို့မှာ နယ်စပ်ဘက်သို့ကျော်လွှားလာရန် အမှန်တကယ် လိမ်လည်ခံရခြင်းဖြစ်သည်ကို တွေ့ရပြီးနောက် မုံးကိုး ခရိုင်အုပ်ချုပ်ရေးအဖွဲ့က တရုတ်အစိုးရထံလွှဲအပ်ခဲ့သည်ဟုဆိုသည်။

 

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့၏ (၁၀၂၇) စစ်ဆင်ရေး Operation လုပ်ဆောင်လာသည့် တလျှောက်တွင် (MNDAA)သည် ချင်းရွှေဟော် မုံးကိုး နှင့် ကွမ်းလုံ စသည့်မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။

 

ဓာတ်ပုံ - The Kokang

 

Burma Associated Press

china
telecoms fraud
MNDAA

Share With
bap-logo