bap-logo
Politics

နမ့်ဆန်မြို့သစ်ရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီး ကလေးတစ်ဦးအပါ အရပ်သား ၂ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ

QOOwzewxckXzHX6MF1mOo-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာလ ၂၀။

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် တပ်မဟာ()စစ်ဒေသ၊ နမ့်ဆန် မြို့နယ်၊ မြို့သစ်ကျေးရွာကို စစ်ကောင်စီက ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်ည ၁၀ နာရီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

 

ထိုကဲ့သို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် မြို့သစ်ကျေးရွာ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် အိမ်ရှင် တားဆန်း နော်တို့ ()ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ရွာသား()ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု တအာင်းတပ်မတော်-TNLA ကဆိုသည်။

 

အဆိုပါတိုက်ခိုက်မှုကြောင့် လူနေအိမ်(၂၅)လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

တအာင်းပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်း အသုံးပြု တိုက်ခိုက်မှုများကြောင့် အရပ်သား (၄၀) သေဆုံးခဲ့ပြီး (၅၈)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု TNLA ကဆိုသည်။

 

ဓာတ်ပုံ - TNLA သတင်းနှင့်ပြန်ကြားရေး

 

Burma Associated Press

Shan
Ta'ang National Liberation Army
Military
Airattack
Civilian
died

Share With
bap-logo