bap-logo
Data

ကရင်နီတွင် အာဏာသိမ်းပြီးချိန်မှစ၍ အရပ်သား ၃၁၃ ဦး သတ်ဖြတ်ခံရ၊ ၂၇၉ ဦး မတရားဖမ်းဆီးခံရ

QJYgMZi9c-VDdMfPYmZdq-image

လွန်ခဲ့သော ၂ နှစ် က

ဧပြီ ၁

 

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၆ လအကြာ ( နှစ်ကျော်အတွင်း) ကရင်နီ(ကယား)ပြည်နယ်တွင် အရပ်သားပြည်သူ ၃၁၃ ဦး အကြောင်းမဲ့ သတ်ဖြတ်ခံခဲ့ရပြီး ၂၇၉ ဦး မတရားဖမ်းဆီးခံခဲ့ရကာ ၁၃၄ ဦးမှာ စစ်ရှောင်ရင်း သေဆုံးခဲ့ရသည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု- PKPFက ယနေ့ ထုတ်ပြန်သည်။

 

နှစ်ကျော်အတွင်း ထိတွေ့တိုက်ပွဲပေါင်း ၆၅၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃၁၀ ကြိမ် ကျူးလွန်ခဲ့ကာ နေအိမ် ,၄၇၃ လုံး၊ ဘာသာရေးအဆောက်အဦ ၃၃ လုံး ဖျက်ဆီးခံခဲ့ရသည်ဟုလည်း ဆိုထားသည်။

 

ဒါ့အပြင် စစ်ကောင်စီတပ်သား ၁,၈၈၃ ဦး သေဆုံးခဲ့ပြီး KNDF/PDF/KA ဘက်က ကျဆုံးသူ ၂၅၂ ဦး ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း-AAPP၏ ယခုနှစ် မတ်လ ၃၁ ရက်ထိ နောက်ဆုံး ထုတ်ပြန်ထားချက်အရ အာဏာသိမ်းပြီး ရက်ပေါင်း ၇၈၉ ရက်အတွင်း နိုင်ငံအဝှမ်းရှိ ပြည်သူပေါင်း ၃,၁၉၄ ဦး သတ်ဖြတ်ခံရပြီး ၂၀,၉၄၂ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

 

Burma Associated Press

Karenni
KNDF
conflict
killed
PDF
air strike
Military
Civilian

Share With
bap-logo