bap-logo
International

အီရန်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲပါဝင်သူ နှစ်သောင်းကျော် ပြန်လွှတ်ပေး

2338OaIbsCqiW-YR_fxKI-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၁၄


 
အီရန် တရားရေးအာဏာပိုင်များသည် နိုင်ငံတဝှမ်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် လူ ,၂၀၀၀ ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း တရားရေးအကြီးအကဲ ဂိုလမ်ဟိုစိန် မိုဆေးနီ အီဂျီက တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း IRNA သတင်းဌာနက ဖော်ပြခဲ့သည်။


အီရန်ခေါင်းဆောင်ကြီး ခါမေနီသည် အစိုးရဆန့်ကျင်ဆန္ဒပြပွဲများ ဖြိုခွင်းခံရမှုအတွင်း ဖမ်းဆီးခဲ့သူများ အပါအဝင်
 အကျဉ်းသား ထောင်ပေါင်းများစွာအား လွတ်ငြိမ်းချမ်းသာခွင့် ပေးထားကြောင်း နိုင်ငံပိုင်သတင်း ဌာနက ပြီးခဲ့သည့်လက ဖော်ပြခဲ့သည်။


"လက်ရှိအချိန်ထိ လွတ်ငြိမ်းချမ်းသာခွင့်ပေးထားသူ ၈၂,၀၀၀ ရှိပါတယ်။ အဲ့ဒီထဲက ၂၂,၀၀၀ က ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတွေပါ" ဟု အီဂျီက ပြောကြားခဲ့ခြင်းဖြစ်သည်။


သို့သော် လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အချိန်အပိုင်းအခြားကို တရားရေးအကြီးအကဲက အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

 
အီရန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်စက်တင်ဘာက ကာ့ဒ်လူမျိုး အမျိုးသမီးငယ် မာဆာအာမီနီ အီရန် ဘာသာရေး စည်းကမ်းထိန်းသိမ်းရေး ရဲအချုပ်ခန်းတွင် သေဆုံးပြီးနောက် နိုင်ငံတဝှမ်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။


အဆိုပါဆန္ဒပြပွဲများတွင် ပြည်သူအလွှာပေါင်းစုံ ပါဝင်ခဲ့ကြပြီး ၁၉၇၉ အီရန်တော်လှန်ရေးနောက်ပိုင်း အစ္စလာမ္မစ်သမ္မတနိုင်ငံအတွက် အကြီးမားဆုံးစိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။


Source Reuters
ပုံ - တီဟီရန်ရှိ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲမြင်ကွင်းတစ်ခု။

 

Burma Associated Press

Iran
Islam
government
protest

Share With
bap-logo