bap-logo
Data

၁၇ နှစ်အတွင်း လူကုန်ကူးသူ ခြောက်ထောင် ကျော် ဖမ်းဆီးအရေးယူနိုင်ခဲ့ဟု စစ်ကောင်စီ ဆို

1PPiQIwgv7y8Fmq3mpKNU-image

လွန်ခဲ့သော ၂ နှစ် က

အောက်တိုဘာ ၂။

၂၀၀၆ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဩဂုတ်အထိ လူကုန်ကူးမှု ,၂၄၅ မှု ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးသူ တရားခံ စုစုပေါင်း ,၅၁၆ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု အာဏာသိမ်း ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၅၉ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် ပြောသည်။

 

ဒါ့အပြင် မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံနားလည်မှုဖြင့် နယ်စပ်ဒေသများတွင် ၂၀၂၃ ခုနှစ်အတွင်း Online လိမ်လည်မှု ၁၁၉ မှုက တရားခံ ၇၆ ဦးနှင့် Online လောင်းကစားမှု ၅၈ မှုမှ တရားခံ ၁၃၄ ဦးတို့ကို ဖော်ထုတ် အရေးယူနိုင်ခဲ့သည်ဟုလည်း ဆိုသည်။

 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ရက်မှ ဩဂုတ် ၃၁ ရက် အထိ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အမှုပေါင်း ၄၃၈၀ မှု၊ တရားခံပေါင်း ,၉၇၄ ဦး၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၆၂၃ ဘီလီယံကျော်ရှိသည့် ဆက်စပ်ပစ္စည်း များကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟုလည်း ပြောထားသည်။

 

ပုံစာ- အွန်လိုင်းလိမ်လည်မှုတရားခံ တရုတ်နိုင်ငံသားနှစ်ဦးကို စစ်ကောင်စီရဲတပ်ဖွဲ့က တရုတ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့က လွှဲပြောင်းပေးစဉ်။

 

Burma Associated Press

 

SAC
trafficker
Drugs
Online fraud

Share With
bap-logo