bap-logo
Politics

ကွမ်းလုံမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

15oHZ1pi9n3IndB_c1VhD-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၉။

ရှမ်းပြည်နယ်မြောက်ပိုင်းအချက်အချာနေရာဖြစ်သည့် ကွမ်းလုံမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့ နိုဝင်ဘာ ရက် နေ့လယ်တွင် သိမ်းပိုက်လိုက်ကြောင်း MNDAA ထံမှ အတည်ပြုချက်ရသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။

 

စစ်ဆင်ရေးအမှတ် - ၁၀၂၇ စတင်ပြီးနောက် ကွမ်းလုံမြို့ကို ယခုလမှစတင်ကာ ကိုးကန့်တပ် MNDAA နှင့် မဟာမိတ်များက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

 

မကြာသေးမီကလည်း ကွမ်းလုံမြို့တောင်ဘက်ရှိ ကံမိုင်းဒေသအခြေစိုက် ခြေလျင်တပ်ရင်း - (၁၄၃) မှ ဒုတပ်ရင်းမှူးအပါအဝင် အင်အား ၄၁ ဦးမှာ အောက်တိုဘာ ၃၀ ရက်က လက်နက်ချခဲ့သေးသည်။

 

ကွမ်းလုံမြို့မှာ သံလွင်မြစ်မြောက်ဘက်ခြမ်းရှိ ကိုးကန့် ဒေသတခုလုံးအား ထိန်းချုပ်နိုင်လောက်သည့်အထိ အရေးပါနေသည်။

 

ခရိုင်ရုံးစိုက်ရာမြို့ဖြစ်သည့် ကွမ်းလုံသည် ၁၉၇၁ နိုဝင်ဘာတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် စစ်တပ်အကြား တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့ပြီး စစ်တပ်ကကွမ်းလုံ ရက် ၄၀တိုက်ပွဲဟု ဝါဒဖြန့်ပြောဆိုလေ့ရှိသည်။

 

တော်လှန်ရေးတပ်များ သိမ်းဆည်းထားသည့် မြို့များကို ပြန်လည်ထိန်းချုပ် နိုင်ပြီဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ယမန်နေ့က နေပြည်တော်တွင် လုပ်သည့် ကာလုံအစည်းအဝေးတွင် ပြောခဲ့ပြီးနောက် ကွမ်းလုံမြို့ကို ထပ်မံစွန့်လွှတ်ရခြင်းဖြစ်သည်။

 

ပုံစာ - MOD ထုတ်ပြန်ချက် နှင့် ကွမ်းလုံတံတားပုံ ( လူမှုကွန်ရက် )

 

Burma Associated Press

Operation 1027
Kunlong
Shan

Share With
bap-logo