Politics
TNLA ထံ စစ်ကောင်စီတပ်သား တစ်ဦး လက်နက်ချ
လွန်ခဲ့သော ၂ နှစ် က
နိုဝင်ဘာ ၉။
လားရှိုးမြို့နယ် ကုန်စုံကျေးရွာတွင် စစ်ကောင်စီတပ် ရှေ့တန်းမှ ထွက်ပြေးလာသော တပ်သားတစ်ဦး လက်နက် အပြည့်အစုံဖြင့် တအာင်းတပ်မတော် PSLF/TNLA ထံ နိုဝင်ဘာလ ၈ ရက်တွင် လာရောက် လက်နက်ချခဲ့သည်ဟု TNLA ကထုတ်ပြန်သည်။
လက်နက်ချလာသူသည် တပ်သား မောင်ဘုံနံ၊ ကိုယ်ပိုင်အမှတ် - တ-၅၈၁၁၅၈၊ စ.က.ခ(၁၀) လက်အောက်ခံ၊ ခ.မ.ရ -၃၆၂ တပ်ရင်းဖြစ်သည်ဟုဆိုသည်။ ၎င်းကို ဘေးကင်းရာသို့ ပို့ဆောင်ခဲ့ပြီး၊ လမ်းစရိတ်ချီးမြင့်ငွေ ကျပ် ၁၅ သိန်း ပေးခဲ့သည်ဟု TNLA ကဆိုသည်။
စစ်ဆင်ရေး ၁၀၂၇ စတင်ပြီးနောက် ကွမ်းလုံမြို့တောင်ဘက်ရှိ ကံမိုင်းဒေသ အခြေစိုက် ခြေလျင်တပ်ရင်း - (၁၄၃) မှ ဒုတပ်ရင်းမှူးအပါအဝင် အင်အား ၄၁ ဦးမှာ အောက်တိုဘာ ၃၀ ရက်က MNDAA ထံ လက်နက်ချခဲ့သေးသည်။
ဓာတ်ပုံ - TNLA သတင်းနှင့်ပြန်ကြားရေး
Ta'ang National Liberation Army
Military
troops
Lashio
Operation 1027
Related Articles
- စစ်ကိုင်းက လက်တောင်းငယ်ရွာ ရွာလုံးကျွတ် မီးရှို့ခံရ
- ရှမ်းမြောက်တိုက်ပွဲတွင် MNDAA က တရုတ်လုပ် Drone များ အဓိကသုံးကာ တိုက်ခိုက်ခဲ့ဟု စစ်ခေါင်းဆောင်ပြော
- ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ငွေတောင်းကြမ်းနေတဲ့ တောင်ကြီးရဲ့ အိမ်ခြံမြေ ဈေးကွက်
- ရာဇဂြိုလ်ရဲဘက်စခန်းသိမ်းစဉ်ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လက်နက်နှင့်အတူ ပြန်မိ
Top News
မြန်မာ လူငယ် ၇ ဦးလျှင် ၁ ဦး သည် ပုဂ္ဂိုလ်ဆိုင်ရာဘေးကင်းလုံခြုံမှုအတွက် အမြဲတမ်းနီးပါး စိုးရိမ်ပူ ပန်နေရ
လွန်ခဲ့သော တစ်ရက် က
အဆင့်မြင့် Clickbait (ကလစ်နှိပ်ရန် သွေးဆောင်ခြင်း)
လွန်ခဲ့သော တစ်ရက် က
မြန်မာ့ရွေးကောက်ပွဲ အလောင်းအစား
လွန်ခဲ့သော ၈ ရက် က
Articles
Share With