bap-logo
Politics

KNU ဥက္ကဌဟောင်းကို ကရင်ဒေသ ငြိမ်းချမ်းရေးအတွက် ဦးစီးဆောင်ရွက်စေချင်ဟု စစ်ခေါင်းဆောင်ထပ်ပြော

-B4i3YWrMczX91cCY-_Ka-image

လွန်ခဲ့သော ၂ နှစ် က

အောက်တိုဘာ ၁၇။

ကရင်အမျိုးသားအစည်းအရုံး- KNU ဥက္ကဌဟောင်းဖြစ်သူ အသက် ၉၀ အရွယ်ရှိပြီဖြစ်သည့် စောမူတူးစေးဖိုးအား ကရင်ဒေသငြိမ်းချမ်းရေးအတွက် ဦးစီးဆောင်ရွက်စေလိုသည်ဟု အာဏာသိမ်း ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံပြောဆိုလာသည်။

 

ယမန်နေ့က နေပြည်တော်တွင် စောမူတူးစေးဖိုးပါဝင်သည့် အဖွဲ့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောခဲ့ခြင်းဖြစ်သည်။

 

စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သူများတွင် KNU ဥက္ကဌဟောင်းနှင့်အတူ KNU ဒူးပလာယာခရိုင်ဥက္ကဌ ပဒို ရွှေမောင်းလည်း ပါဝင်သည်။

 

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်သည် သူကိုယ်တိုင်နှင့် သူ၏ ဇနီး ဒေါ်ကြူကြူလှ အပါအဝင် လူအမြောက်အများကို ဘွဲ့များပေးခဲ့ရာတွင် KNU ဥက္ကဌဟောင်းဖြစ်သူ စောမူတူးစေးဖိုးကိုလည်း ၂၀၂၂ ဝဏ္ဏကျော်ထင်ဘွဲ့ ပေးခဲ့သည်။

 

အခုနှစ် ဧပြီလတွင် ကျင်းပသည့် ၁၇ ကြိမ်မြောက် KNU ကွန်ဂရက်တွင် စောမူတူးစေးဖိုးက ဝင်အရွေး မခံတော့ဘဲ အနားယူခဲ့ခြင်းဖြစ်သည်။

 

အာဏာသိမ်းပြီးနောက် ဥက္ကဌဟောင်းသည် ငြိမ်းချမ်ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့-PPST တွင် ဦးဆောင်နာယကတာဝန်ကို မိခင် KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကန့်ကွက်မှုကြောင့် ပြန်လည် ရုပ်သိမ်းခဲ့သူ ဖြစ်သည်။

 

Burma Associated Press

Min Aung Hlaing
KNU
Saw Mutu Say Poe

Share With
bap-logo