bap-logo
Politics

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်မည်မဟုတ်ဟု ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းပြော

Wmca9WFVa568sg_0Y-7zs-image

လွန်ခဲ့သော ၂ နှစ် က

အောက်တိုဘာ ၁၇။

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်မည်မဟုတ်ဟု ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ တတိယကော်မတီအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။

 

စစ်တပ်သည် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ မကြာခဏကျူးလွန်နေပြီး အဆိုပါ နည်းဗျူဟာများသည် အတင်းအကျပ်ပျောက်ကွယ်စေမှုတစ်ခုအဖြစ် ပါဝင်နေသည်ဟုလည်း ဆိုသည်။

 

စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီပြန်လည်ထွန်းကားရန်အတွက် ဆုံးဖြတ်ချက်ကို နိုင်ငံတကာ အသိုင်းဝိုင်းက အချိန်မှီချမှတ်ဖို့ကိုလည်း တိုက်တွန်းခဲ့သည်။

 

စစ်တပ်က တော်လှန်ရေးအသိုင်းအဝိုင်းများကို အကြောက်တရားဝင်စေဖို့နှင့် ခုခံတော်လှန်မှုများ ထပ်မံ မပေါ်လာစေရေးအတွက် အတင်းအကြပ် ပျောက်ကွယ်ခြင်းစတဲ့နည်းလမ်းကို အသုံးချနေသည် ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

 

ဒါ့အပြင် မြန်မာပြည်သူများအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ပေးအပ်နိုင်မည့် အကူအညီများအတွက် အကြံပြုချက်ကိုလည်း သိရှိလိုကြောင်း သံအမတ်ကြီးက မေးမြန်းခဲ့သည်ဟု သိရသည်။

 

Burma Associated Press

UN
Kyaw Moe Tun
Myanmar
Military

Share With
bap-logo