bap-logo
Politics

PDF ရဲဘော်တွေဖန်တီးထားတဲ့ “စစ်သည်တော်တို့ တေးသွား” Music Album လက်မှတ်များရောင်းချ

ztM31UHQLpSARbwaH9XTD-image

လွန်ခဲ့သော တစ်နှစ် က

 

ဇွန် ၁၁။

 

ပြည့်သူ့ကာကွယ်ရေးရဲဘော်တွေဖန်တီးထားတဲ့စစ်သည်တော်တို့ တေးသွား” Music Album အတွက် လက်မှတ်တွေကို အွန်လိုင်းကနေရောင်းချနေတယ်လို့ ဖန်တီးသူတွေက ပြောပါတယ်။

 

ရဲဘော်တွေ ရှေ့တန်းမှာ တိုက်ခိုက်တာတွေ၊ ပင်ပန်းတာတွေ၊ အိမ်လွမ်းတာတွေ ကို နောက်တန်းပြန်ရောက်တဲ့အခါ ရင်ထဲမှာရှိတဲ့ ခံစားချက် ခံယူချက်တွေအတိုင်း ရင်ဘတ်တွေနဲ့ ရင်းပြီး စာရွက်ပေါ်မှာ ချရေးခဲ့တယ်။ လမ်းခုလတ်မှာ ကျန်ရစ်ခဲ့တဲ့ ရဲဘော် ညီအကို မောင်နှမတွေအတွက် အသက်ရှင်နေသေးတဲ့ ကျနော်တို့ သီချင်းတွေ အတူတူ လုပ်ဖြစ်ခဲ့တယ်လို့လည်း The Warriors' Rhythms - စစ်သည်တော်တို့ တေးသွား Music Album ဖန်တီးသူတွေက ပြောပါတယ်။

 

Music Album ရောင်းချလို့ရတဲ့ ရန်ပုံငွေတွေကို တောင်ပိုင်းတိုင်းစစ်ဒေသ၊ Special Operation Group (SOG) စစ်ကြောင်း အတွက် အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

 

Special Operation Group (SOG) ဟာ - ကေအဲန်ယူတပ်မဟာ- နယ်မြေထဲက အကြိတ် ရေတလျောက်/ ပိုင်ကလိုင်၊ ကော့နွဲစခန်းသိမ်းတိုက်ပွဲတွေကို အောင်မြင်မှုရအောင်ဆင်နွဲထားပြီး ကွီလုံတိုင်၊ ချောင်းနှစ်ခွ၊ တောင်ကြာအင်း၊ ကျိုက်ဒုံ၊ သင်္ကန်းညီနောင်၊ မြဝတီ တိုက်ပွဲတွေမှာလည်း မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေပြုလုပ်တဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

 

The Warriors' Rhythms - စစ်သည်တော်တို့ တေးသွား Music Album ကို မြန်မာငွေ ကျပ် ၃၀,၀၀၀ နဲ့ အွန်လိုင်းကတဆင့်ရောင်းချနေပြီး CRPH-OFP ကတဆင့် နိုင်ငံတကာမှာလည်း ရောင်းချပေး နေတယ်လို့ဆိုပါတယ်။

 

လက်မှတ်တွေကို အစောင်ရေအကန့်အသတ်မရှိဝယ်ယူနိုင်ပြီး ဇွန်လ တစ်ရက်နေ့ကစပြီး ၃၀ ရက် အထိ ရောင်းချသွားမယ်လို့ သိရပါတယ်။

 

ကမ်ပိန်းကနေ ရန်ပုံငွေ ကျပ် သိန်း ,၀၀၀ ရဖို့ မျှော်မှန်းထားပြီး ရရှိတဲ့ ရန်ပုံငွေတွေကို SOG စစ်ကြောင်းမှာရှိတဲ့ အဓိက လိုအပ်နေတဲ့ ကျည်ကာ၊ ရိက္ခာဆေးဝါး၊ သယ်ယူပို့ဆောင်ရေး၊ Drone အပါအဝင် အခြားလိုအပ်တဲ့နေရာတွေမှာ ပြန်သုံးသွားမယ်လို့ဆိုပါတယ်။

 

ပုံစာ- ခြေခံစစ်ပညာသင်တန်းတက်​​နေတဲ့ SOG တပ်ဖွဲ့များ

 

Burma Associated Press

 

Music Album
Special Operation Group
The Warriors' Rhythms

Share With
bap-logo