bap-logo
Politics

ကမ္ဘောဇတိုင်း အယ်ဒီတာချုပ် ဦးကျော်ဇေယျာ ဖမ်းဆီးခံရ

zYqfWYIblY8ji23-D7wUa-image

လွန်ခဲ့သော ၃ နှစ် က

ဒီဇင်ဘာ ၂၅

 

ကမ္ဘောဇတိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဦးကျော်ဇေယျာကို ယနေ့ နံနက် နာရီတွင် ကြို့ပင်ကောက်ရှိ နေအိမ်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

ဦးကျော်ဇေယျာသည် စစ်ကောင်စီတပ်က ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် သတင်းသမား တစ်ဦးဖြစ်ပြီး ဖမ်းဆီးမခံရရေး တိမ်းရှောင်နေထိုင်နေခဲ့ရသူ ဖြစ်သည်။

 

" ဖမ်းဆီးထောင်ချခံရတာအတွက်က မစိုးရိမ်ပါဘူး။ ဘယ်သူမှမသိလိုက်ဘဲ ခြေလွန်လက်လွန် ဖြစ်သွားမှာ လုပ်ပစ်လိုက်မှာကို စိုးရိမ်မိတယ်" ဟု ဦးကျော်ဇေယျာ၏ မိသားစုဝင် တစ်ဦးက ပြောသည်။

 

ကမ္ဘောဇတိုင်း သတင်းဌာန ထုတ်ဝေသူအပါအဝင် အယ်ဒီတာ အဖွဲ့ဝင်များအား စစ်ကောင်စီ ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ဖမ်းဆီးထောင်ချခဲ့ရာတွင် ဦးကျော်ဇေယျာ တစ်ဦးတည်း တိမ်းရှောင် လွတ်မြောက် ကျန်ခဲ့ခြင်းဖြစ်သည်။

 

ကျန်ဖမ်းဆီးထောင်ချခံရသူများသည် မကြာသေးမီက အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

 

Burma Associated Press

 

 

Detained Journalist
Military

Share With
bap-logo