bap-logo
Local News

အကယ်ဒမီ သီဟတင်စိုး နှလုံးရောဂါဖြင့်ကွယ်လွန်

z-sFNO3pIFKlEoN0j0dLP-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၂၁

 

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးသည် ယနေ့ နံနက်ပိုင်းတွင် နှလုံးရောဂါဖြင့် ကွယ်လွန် သွားကြောင်း သိရသည်။

 

၎င်းသည် ယနေ့ နံနက်ပိုင်းတွင် နှလုံးရောဂါဖောက်လာသဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။

 

အကယ်ဒမီ သီဟတင်စိုးသည် ကွယ်လွန်ချိန်တွင် အသက် ၅၅ နှစ် ရှိပြီဖြစ်သည်။

 

၎င်းသည် ဂျပန်ခေတ်နှင့် အင်္ဂလိပ်ကိုလိုနီ‌ခေတ် နောက်ခံပြု တော်လှန်ရေးဇာတ်ကား အများအပြားနှင့် ရုပ်ရှင်ဇာတ်ကားကြီးများကို ရိုက်ကူးသရုပ်ဆောင်ခဲ့ကာ ၎င်းရိုက်ကူး သရုပ်ဆောင်သည့် ငရဲသား ရုပ်ရှင် ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆုနှင့် ဒါရိုက်တာဆု တို့ကို ရရှိခဲ့သည်။

 

ထို့ပြင် ‌၎င်းပါဝင်သရုပ်ဆောင်ထားသည့် ငရဲသား၊ အနိုင်မခံ အရှုံးမပေး၊ တိုက်ပွဲခေါ်သံ စသည့် ရုပ်ရှင် ဇာတ်ကားများသည် ထင်ရှားကျော်ကြားခဲ့သည်။

 

ဓာတ်ပုံ-လူမှုကွန်ယက်

 

Burma Associated Press

Myanmar
actor
Thi Ha Tin Soe
Heart disease

Share With
bap-logo