bap-logo
Politics

ရန်ကုန်က အခြေခံပညာသင်ကျောင်းအချို့မှာ စစ်တပ်က ပြန်လည်တပ်စွဲထား

smFX3aD07MjTrPYplPaHk-image

လွန်ခဲ့သော ၂ နှစ် က

 

နိုဝင်ဘာ ၂၁။

 

ရန်ကုန်တိုင်းအတွင်းမြို့နယ်တွေဖြစ်တဲ့ လိူင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်က အခြေခံပညာ စာသင် ကျောင်းအချို့မှာ စစ်တပ်က တပ်စွဲထားပြီး ကင်းလှည့်နေကြတယ်လို့ ရပ်ကွက်နေသူတွေက အသိပေး ပြောကြားပါတယ်။

 

"ညကလဲ ကိုယ်တွေလမ်းတွေထဲပါ တညလုံး ကင်းပတ်၊ ခွေးတွေကတညလုံး ဟောင်တာ ဆူညံနေတာပဲ၊ ကျောင်းထဲကို ညကလာနေတယ်၊ မနက်ကြတပ်က ပြန်ထွတ်ပြီး ရဲက ကင်းပုန်းပုံစံ အရပ်ဝတ်နဲ့ ရှိနေတယ်"လို့ အင်းစိန် မြို့နေသူ တဦးက ပြောပါတယ်။

 

လှိုင်မြို့နယ်က၊ ကျောင်းအချို့မှာ တပ်စွဲထားတာကြောင့် ကျောင်းပိတ်ထားတာ၊ မိဘအချို့က ကျောင်းမတက် ခိုင်းတာတွေ ရှိနေတယ်လို့ မြို့ခံတွေက အသိပေးကြပါတယ်၊၊

 

"မုဒိတာအိမ်ရာနားက ကျောင်းမှာ တပ်က အထိုင်ကို ချထားတာ၊ အဲ့ဒီ ကျောင်းရှေ့က ဘုန်းကြီးကျောင်းထဲမှာ ရောပဲ" လို့ မရမ်းကုန်းမြို့နယ် နေသူတဦးက ပြောပါတယ်။

 

ဒီရက်ပိုင်းအတွင်းရန်ကုန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လူငယ်တွေကို အဓိကထားကာ စစ်ဆေးရှာဖွေမူတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ ယှဉ်ပြိုင်ဖို့ မြောက်ကိုရီးယားအသင်း နိုဝင်ဘာ ၁၈ ရက် ညပိုင်းက ရောက်ရှိနေတာကြောင့် ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကြပ်ထားတာလို့ မြို့ခံတွေက ပြောပါတယ်။

 

ပုံစာ - ရန်ကုန်မှာတွေ့ရတဲ့ စစ်ကောင်စီစစ်သားအချို့ (ပုံဟောင်း)

 

Burma Associated Press

Yangon
School
troops
SAC

Share With
bap-logo