bap-logo
Politics

မြန်မာ့လူဦးရေ၏ သုံးပုံတစ်ပုံ လူသားချင်းစာနာမှုအကူအညီလိုအပ်နေ

rTAovCsRmbCbMM0Y-4bBA-image

လွန်ခဲ့သော တစ်နှစ် က

ဖေဖော်ဝါရီ ၁။

 

မြန်မာ့လူဦးရေ၏ သုံးပုံတစ်ပုံ (၁၈. သန်း) လူသားချင်းစာနာမှုအကူအညီ အရေးပေါ် လိုအပ်နေသည်ဟု ကုလ အတွင်းရေးမှူးချုပ်ရုံးက စစ်တပ်အာဏာ သိမ်းမှု သုံးနှစ်ပြည့် ယနေ့တွင် ထုတ်ပြန်သည်။

 

စစ်တပ်အာဏာမသိမ်းခင်က အရေးပေါ် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူ တစ်သန်း ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ခေါင်းဆောင်များကို တရားဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းထားမှုနှင့် အရပ်သားများအပေါ် ကြီးမားသည့် သက်ရောက်မှုများက မြန်မာနိုင်ငံတွင်း အခြေအနေကို ပိုဆိုးရွား စေသည်ဟု ကုလ အတွင်းရေးမှူးချုပ်ရုံးက ဆိုသည်။

 

လူသားချင်းစာနာမှု အကူအညီများပေးရာတွင် ကုလသမဂ္ဂနှင့် မိတ်ဖက်များအတွက် အဟန့်အတား မရှိသည့် အကူအညီပေးရေး လမ်းကြောင်းများ လိုအပ်နေသည်ဟုလည်း အသိပေးထားသည်။

 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း မြန်မာပြည်သူ တစ်ရပ်လုံးနှင့် တသားတည်း ရပ်တည်နေပြီး မြန်မာနိုင်ငံအတွက် နိုင်ငံတကာနှင့် ဒေသတွင်းမှ စဉ်ဆက်မပြတ် အာရုံစိုက်ကြရန်နှင့် ကျိုးကြောင်း ဆီလျော်သည့် စုပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ကြရန်လည်း တိုက်တွန်းထားသည်။

 

ပုံစာ - ကရင်နီဒေသ စစ်ဘေးရှောင်များ

 

Burma Associated Presss

coup
UN Secretariat
Myanmar
humanitarian aid

Share With
bap-logo