bap-logo
Local News

စစ်ကောင်စီက ထန်တလန်မြို့တွင်း လေကြောင်းတိုက်ခိုက်ရေး ဖော်ဆောင်နေဟု CDF ထုတ်ပြန်

rDI886R0EuBCHntGcxbMY-image

လွန်ခဲ့သော ၂ နှစ် က

ချင်း၊ ဖေဖော်ဝါရီ ၂၇

 

စစ်ကောင်စီတပ်သည် ထန်တလန်မြို့တွင်း လေကြောင်းတိုက်ခိုက်ရေးနှင့် လက်နက် အလွန်အကျွံ အသုံးပြု၍ တိုက်ပွဲဖော်ဆောင်နေသဖြင့် ပြည်သူများသတိထားနေထိုင်ရန် Chinland Defence Force- Thantlang က ယမန်နေ့က ထုတ်ပြန်သည်။

 

Chinland Defence Force- Thantlang နှင့် Chin National Army တို့ပူးပေါင်းဖော်ဆောင်နေသည့် Tilim စစ်ဆင်ရေးတွင် အထိအခိုက်များသည့် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်ရေးဖြင့် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြု၍ အကြိမ် ၁၀၀ နီးပါး ပစ်ခတ်တိုက်ခိုက်မှု ပြုခဲ့ကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။

 

အကြမ်းဖက် စကစဖက်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်မနားတမ်း တိုက်ခိုက်လျက်ရှိတဲ့ အပြင် လက်နက်ခဲယမ်းကအစ အင်အားအလွန်အကျွံသုံးပြီး တိုက်ပွဲဖော်ဆောင်လျက်ရှိသည့်အတွက် တိုက်ပွဲများ ဆက်လက် ပြင်းထန်လာဖွယ်ရှိတာကြောင့် ပြည်သူများအနေနဲ့ သွားလာနေထိုင်ခြင်းအစ သတိပြုကြပါရန် အသိပေးပါသည်’ ဟု ထုတ်ပြန်ချက်ကဆိုသည်။

 

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင်း ဆောင်ရွက်ခဲ့သည့် ရက်ပေါင်း ၆၀ Tilim စစ်ဆင်ရေးတွင် စစ်ကောင်စီနှင့် ရဲ တပ်သား ၂၀ ဦး သေဆုံးပြီး၊ ၂၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ လက်နက် ၅၀ နီးပါး သိမ်းဆည်း ရမိခဲ့ကြောင်း Chinland Defence Force- Thantlang က ထုတ်ပြန်ထားသည်။

 

အဆိုပါ စစ်ဆင်ရေးကို Chinland Defence Force- Thantlang နှင့် Chin National Army တို့ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် စစ်ဆင်ရေးစတင်ခဲ့ခြင်းဖြစ်သည်။

 

စစ်ဆင်ရေးအတွင်း စစ်ကောင်စီနှင့် ရဲတပ်သားများနေရာယူထားသည့် စခန်းနေအိမ် ၇ လုံးကို မီးရှို့ ဖျက်ဆီး နိုင်ခဲ့သလို ထောက်ပံ့ရေး Mi- 17 ရဟတ်ယာဉ် နှစ်စီး၏ အစိတ်အပိုင်းအချို့ကိုလည်း ဖျက်ဆီး နိုင်ခဲ့ကြောင်းဆိုသည်။

 

ထို့ပြင် စစ်ကောင်စီနှင့် ရဲတပ်သားများ အခိုင်အမာနေရာယူထားသည့် ထန်တလန်မြို့ရဲစခန်းကို တိုက်ခိုက် နိုင်ခဲ့ပြီး လက်နက် ၄၀ ကျော်သိမ်းဆည်ရမိခဲ့ကြောင်း၊ စစ်ကောင်စီနှင့်ရဲတပ်သား ၆ ဦးဖမ်းကိုလည်း ဖမ်းဆီး နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

အဆိုပါစစ်ဆင်ရေးအတွင်း Chinland Defence Force- Thantlang မှ ရဲဘော်လေးဦး နှင့် Chin National Army မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်းဆိုသည်။

 

Burma Associated Press

 

Chin
CDF
Air Attack
Thantlang
SAC

Share With
bap-logo