Data
စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ပြိုင်ရန် မှတ်ပုံတင်ထားသည့် ပါတီများ
လွန်ခဲ့သော ၂ နှစ် က
မတ် ၂၉
စစ်ကောင်စီက ပြင်ဆင်လိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေအရ ယမန်နေ့ မတ်လ ၂၈ ရက်သည် နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ရန် နောက်ဆုံးရက်ဖြစ်သည်။
ယင်းတို့အနက် ပါတီအဟောင်း ပြန်လည်မှတ်ပုံတင်ခြင်း ၅၀ ရှိကာ ပါတီအသစ် ၁၃ ပါတီ ပါဝင်သည်။
ထိုအထဲတွင် တစ်နိုင်ငံလုံး စည်းရုံးမည့်ပါတီ ၁၂ ပါတီနှင့် ပြည်နယ်နှင့် တိုင်းအလိုက် စည်းရုံးမည့် ပါတီ ၅၁ ပါတီရှိနေသည်။
ပါတီမှတ်ပုံတင်ဥပဒေသစ်အရ တည်ဆဲပါတီများပါ ပြန်လည်မှတ်ပုံတင်ရမည် ဖြစ်ကာ ပြန်မတင်သည့် ပါတီများက ပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟုဆိုထားသည်။
ထို့ကြောင့် စစ်ကောင်စီထံမှတ်ပုံမတင်ထားသည့် အင်အားကြီးပါတီများ ဖြစ်သည့် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ပါတီ-NLD၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-SNLD တို့ အပါအဝင် ပါတီ ၄၀ သည် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ခြင်းခံရသည်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း အတိအလင်း ထုတ်ဖော် ကြေညာထားသည်။
ပါတီအဟောင်း ပြန်လည်မှတ်ပုံတင်ခြင်း ၅၀ ရှိကာ ပါတီအသစ် ၁၃ ပါတီ ပါဝင်သည်။
တစ်နိုင်ငံလုံး စည်းရုံးမည့်ပါတီ ၁၂ ပါတီနှင့် ပြည်နယ်နှင့် တိုင်းအလိုက် စည်းရုံးမည့် ပါတီ ၅၁ ပါတီရှိနေသည်။
စစ်ကောင်စီထံမှတ်ပုံမတင်ထားသည့် အင်အားကြီးပါတီများ ဖြစ်သည့် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ပါတီ-NLD၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-SNLD တို့ အပါအဝင် ပါတီ ၄၀ သည် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ခြင်းခံရသည်။
SAC
party
Myanmar
SNLD
NLD
Election
Top News
Articles
Share With