bap-logo
Crime

ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်ဆေးဝါး သံသယတရားခံများနှင့် ပစ်ခတ်မှုဖြစ်ပွား၍ ၁၃ ဦး သေဆုံး

nyrHTYVwszpW_OsOcBsPJ-image

လွန်ခဲ့သော ၂ နှစ် က

 

မြန်မာနယ်စပ်အနီး Mae Fa Luang ခရိုင်တွင် စနေနေ့က မူးယစ်ဆေးဝါးမှောင်ခိုများနှင့် ပစ်ခတ်မှုဖြစ်ပွားကာ မူးယစ်မှောင်ခို ၁၃ ဦးသေဆုံးခဲ့သည်ဟု Pha Muang တပ်ဖွဲ့မှ တပ်မှူး ဗိုလ်ချုပ် Praphat Phobsuwan က တနင်္ဂနွေနေ့တွင် ပြောသည်။

 

Therd Thai ဒေသအုပ်ချုပ်ရေးလက်အောက် Pang Ma Han ရွာတွင် ပြုလုပ်ခဲ့သော Pha Muang တပ်ဖွဲ့ Thap Chao Tak တပ်စု၏ မူးယစ်ဆေးဝါးနှိမ်နင်းမှုစစ်ဆင်ရေးအတွင်း မက်သမ်ဖက်တမင်း ဆေးပြား ၁. သန်းခန့် သိမ်းဆည်းရမိခဲ့သည်။

 

စစ်သားများနှင့် စီမံအုပ်ချုပ်သူများက ရုပ်အလောင်း ၁၃ ခုနှင့် ဆေးပြား ၁. သန်းပါဝင်သော အိတ် ၁၇ လုံး တွေ့ရှိခဲ့သည်။

 

ဗိုလ်ချုပ် Praphat အဆိုအရ စနေနေ့ ည ၇နာရီအချိန် တောအုပ်တစ်ခုအတွင်း သွားလာနေသည့် လူအုပ်တစ်ခုကို စစ်သားများက ရှာဖွေရန် ကြိုးပမ်းစဉ် စစ်သားများနှင့် မူးယစ်ဂိုဏ်းတို့၏ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

 

၎င်းလူများက မရပ်တန့်ဘဲ ကင်းလှည့်အဖွဲ့ကို ပစ်ခတ်ခဲ့သည့်အတွက် စစ်သားများမှ တပြိုင်တည်း အမြောက်အများ ပြန်လည်ပစ်ခတ်ခဲ့သည်။

 

စစ်သားများက နယ်မြေကို ရှာဖွေစူးစမ်းမှုမပြုခင် မနက်အထိ စောင့်ဆိုင်းခဲ့သည်။ ရုပ်အလောင်း များနှင့် မက်သ်ဆေးပြားများ ထည့်ထားသည့် အိတ်များကိုတွေ့ရှိခဲ့ကြသည်။

 

အိတ်တစ်လုံးလျှင် မက်သ်ဆေးပြား ၁၀၀,၀၀၀ ခန့် ပါဝင်သည်။ စစ်သားများက အနီးဝန်းကျင် ကိုလည်း သက်သေခံများ ထပ်မံရရှိရန် ရှာဖွေခဲ့ကြသည်ဟု ဗိုလ်ချုပ် Praphat က ပြောသည်။

 

မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးနှိမ်နှင်းရေးတပ်ဖွဲ့တို့က အခြားသော မက်သ်ဆေးပြား ၁,၁၁၈,၀၀၀ ပြားကို Muang Chaing Rai ခရိုင်၊ Mae Yao ဒေသအုပ်ချုပ်ရေးအောက်ရှိ စောင့်ကြည့်နေသော အိမ်တစ်လုံးမှ သိမ်းဆည်းရမိသည်ဟု ၎င်းနေ့ နှောင်းပိုင်းတွင် ထိုင်းတော်ဝင်တပ်မတော်က ၎င်းတို့၏ Facebook စာမျက်နှာတွင် တင်ပြခဲ့သည်။

 

မူးယစ်ဆေးပြားများကို အိတ်ကြီး လေးလုံးဖြင့် ထည့်ထားခြင်းဖြစ်သည်။

 

ကိုးကား - Bangkok Post

ပုံစာ - ဒီဇင်ဘာလ ၁၇ရက် ၂၀၂၃ ခုနှစ် Mae Fa Luang ခရိုင်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးအိတ်များ။ (Photo: ထိုင်းစစ်တပ်)

 

 

 

Thailand
Myanmar
border
drug

Share With
bap-logo