bap-logo
Data

စစ်အာဏာသိမ်းပြီးနောက် ထောင်ဒဏ် ၃၅ နှစ်အထိ ချမှတ်ခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

ldj76j6ivLhU51hjMjJzV-image

လွန်ခဲ့သော ၃ နှစ် က

ဒီဇင်ဘာ ၃၀။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရဟတ်ယာဉ်ငှားရမ်းဝယ်ယူမှုအတွက် စွပ်စွဲခံ ထားရသည့် အဂတိမှု ငါးမှုအတွက် အပြစ်ရှိသည်ဟုဆိုကာ နောက်ထပ် ထောင်ဒဏ် နှစ်ကို ယနေ့ ဒီဇင်ဘာ ၃၀ ရက်တွင် ချမှတ်လိုက်သည်။

 

NLD အစိုးရလက်ထပ်က သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေးတွင် အသုံးပြုရန် ရဟတ်ယာဉ် ငှားရမ်းဝယ်ယူ မှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တရားစွဲထားသည့် အဂတိမှုငါးမှုအတွက် အပြီးသတ် အမိန့်ကို ယနေ့နံနက်က ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

ထို့ကြောင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်တွင် အသက် ၇၈ နှစ်ထဲကို ရောက်နေပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ယခု နောက်ဆုံးချမှတ်ခဲ့သည့် ထောင်ဒဏ်အပါအဝင် စုစုပေါင်း ထောင်ဒဏ် ၃၅ နှစ်ကို ချမှတ်ခံထားရပြီးဖြစ်သည်။

 

ချမှတ်ထားသည့် ထောင်ဒဏ်များအနက် စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် နှစ်ကို ပြစ်ဒဏ် လျှော့ပေါ့ခဲ့သည့်အတွက် လက်ရှိဒေါ်အောင်ဆန်းစုကြည် ကျခံနေရသည့် ထောင်ဒဏ်မှာ ၃၃ နှစ် ရှိနေသည်။

 

အခု အမိန့်ချမှတ်ခဲ့သည့် အမှုသည် ဒေါ်အောင်ဆန်းစုကြည်ကို တသီတတန်းစွဲဆိုထားသည့် အမှုပေါင်း ၁၉ မှု အနက် လက်ကျန် နောက်ဆုံးအမှုများဖြစ်သည်။

 

Burma Associated Press

 

U Win Myint
SAC
Aung San Suu Kyi
sentenced

Share With
bap-logo