bap-logo
Politics

ရွှေပြည်အေးမြို့သစ်ကို သိမ်းပိုက်ထားကြောင်း ဒေသခံ ပကဖ ကြေညာ

l9lI3I-udgTffCZ-r-hww-image

လွန်ခဲ့သော ၂ နှစ် က

စစ်ကိုင်း၊ ဖေဖော်ဝါရီ - ၂

 

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်ကို PDF မဟာမိတ် ပူးပေါင်းတပ်များကစီးနင်းတိုက်ခိုက် သိမ်းပိုက်ထားပြီး စစ်အုပ်စုက ရဟတ်ယာဉ်ဖြင့်ပြန်လည် တိုက်ခိုက်နေကြောင်း ခန္တီးခရိုင် အမှတ်(၁)တပ်ရင်း-ဟုမ္မလင်း ကထုတ်ပြန်ထားသည်။

 

မနေ့က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရွှေပြည်အေးမြို့အား ခန္တီးခရိုင် အမှတ်(၁)တပ်ရင်း-ဟုမ္မလင်း၊ HPDFHPDF-124HPDFမိုးကြိုး စသည့် မဟာမိတ်တပ်ပေါင်းစုမှ စီးနင်း သိမ်းပိုက်ခဲ့ကြောင်း ယင်းတို့ကဆိုသည်။

 

" နေရာအတော်များများကို PDF တွေသိမ်းထားတယ် အခုတော့ခြေနေအေးသေးတယ်။ မြို့ခံတွေကတော့ စစ်ရှောင်တဲ့လူတွေလည်းရှိနေတယ် " ဟု ဒေသခံ တဦးကပြောသည်။

 

တိုက်ပွဲဲတွင် စစ်အုပ်စု အသေအပျောက် ရှိခဲ့ပြီးနောက် ရဟတ်ယာဉ်ဖြင့် သုံးကြိမ်လာရောက် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း၊ ပကဖ ဘက်ကထိခိုက်မှုမရှိခဲ့ဘဲ မြို့ကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

 

လတ်တလောတွင် စစ်ရေးတင်းမာနေဆဲဖြစ်သည့်အတွက် ပြည်သူများ စစ်ရေးသတိရှိကြရန်နှင့် ရေလမ်း ခရီးသွားခြင်းကို မပြုလုပ်ကြရန် လည်းအသိပေးထားသည်။

 

Burma Associated Press

 

Sagaing
LPDF
air strike
Battle

Share With
bap-logo