bap-logo
Politics

အချိန်မီဆေးကုသမှု မရခဲ့လို့ သရက်ထောင်က နိုင်ကျဉ်းတစ်ဦး ကျဆုံး

l-1HsgGZ_w5weCapHY5Xl-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၂၈။

 

ဆေးဝါးကုသမှု အချိန်မီမရရှိခဲ့လို့ သရက်ထောင်တွင်း အကျဥ်းကျ ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး ဇူလိုင် ၂၇ ရက် မနက်ခင်းမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

သေဆုံးသူဟာ အကြမ်းဖက်ပုဒ်မ ၅၂(က)/၅၁() တို့နဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတဲ့ အသက်(၃၉)နှစ်အရွယ် ကိုညီညီဖြစ်တယ်လို့ သိရပါတယ်။

 

၎င်းဟာ သွေးတိုးရောဂါဝေဒနာကို ခံစားခဲ့ရပြီး ကျဆုံးသွားခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီနေ့ အသိပေးထားပါတယ်။

 

ကိုညီညီ မသေဆုံးမီ ဇူလိုင် ၂၆ ရက် ညခင်းအချိန်က သွေးတိုးရောဂါခံစားရတာကြောင့် အရေးပေါ်ဆေးဝါးကုသပေးဖို့ ထောင်တာဝန်ခံတွေထံ နိုင်ငံရေးအကျဉ်းသားတွေက အကူအညီ တောင်းခံခဲ့ကြတယ်လို့ ဆိုပါတယ်။

 

အကူအညီတောင်းခံပြီး တစ်နာရီကျော်အကြာမှသာ အကျဉ်းဦးစီးဝန်ထမ်းတွေက အကျဉ်းသားဆေးမှူးတစ်ဦးကို လာရောက်ကြည့်ရှုစစ်ဆေးခိုင်းခဲ့ပါတယ်။

 

အဲဒီအချိန်မှာ ကိုညီညီရဲ့သွေးပေါင်ချိန်က အပေါ်သွေး ၂၄၀၊ အောက်သွေး ၁၄၀ အထိ ရှိခဲ့တယ်လို့ (PPNM)က အသိပေးထားပါတယ်။

 

သွေးပေါင်ချိန် တက်လာချိန်မှာ ၎င်းကို ပြင်ပဆေးရုံ အချိန်မီမပို့ဆောင်ခဲ့ဘူးလိုလည်း ဆိုပါတယ်။

 

ညအချိန် ဖြစ်တယ်ဆိုတဲ့ထောင်အာဏာပိုင်တွေရဲ့ အကြောင်းပြမှုနဲ့ အဆင့်ဆင့် သတင်းပေးပို့နေတာကြောင့် အချိန် တစ်နာရီခွဲကျော် ကြာခဲ့ကာ ကိုညီညီ ကျဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးပါတယ်။

 

Burma Associated Press

political prisoner
Health
Medical Treatment
Passed away

Share With
bap-logo