Intrenational Crime
မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာပြစ်မှု ဒါဇင်ပေါင်း များစွာ ကျူးလွန်ခဲ့ကြောင်း ဗြိတိန်မြို့တော်ရဲ အရာရှိ ဝန်ခံ
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ ၁၆
လန်ဒန်မြို့တော်ရဲဌာနမှ ရဲအရာရှိ ဒေးဗစ်ကာရစ် (David Carrick) သည် တာဝန်ထမ်းဆောင်ချိန် ၁၈ နှစ်တာ ကာလအတွင်း မုဒိမ်းမှု ၂၄ မှုအပါအဝင် ပြစ်မှုပေါင်း ၄၉ မှုအား ဝန်ခံခဲ့ကြောင်း ဗြိတိန် PA Media သတင်းဌာနက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။
ကာရစ်သည် မုဒိမ်းမှု၊ မဟုတ်မမှန်စွပ်စွဲထောင်ချမှုနှင့် ၂၀၀၃ ခုနှစ်တွင် အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးအား မဖွယ်မရာပြုမှု လေးခုအတွက် အပြစ်ရှိကြောင်း ဝန်ခံရန် တနင်္လာနေ့က လန်ဒန်ရှိ Southwark Crown တရားရုံးသို့ လာရောက်ခဲ့သည်ဟု PA က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက ကာရစ်သည် ၂၀၀၄ ခုနှစ် မတ်လမှ ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်း မုဒိမ်းမှု အကြိမ် ၂၀ အပါအဝင် အခြားအမျိုးသမီး ၁၁ ဦးနှင့်ပတ်သက်သည့် စွဲချက် ၄၃ ခုကို လန်ဒန်ရှိ Old Bailey ရာဇ၀တ်တရားရုံးတွင် ၀န်ခံခဲ့ကြောင်းသိရသည်။
Burma Associate Press
Police
Rape
england
Share With