bap-logo
Politics

၂၀၂၀ ရွေးကောက်ပွဲတွင် တတိယ မဲအများဆုံး ရခဲ့သည့် SNLD က စစ်ကောင်စီထံ မှတ်ပုံမတင်ရန် ဆုံးဖြတ်

eEcnMQbkc5l9gPRmFF8mW-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၁၈

၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံတဝန်း တတိယမဲအများဆုံးရသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ-SNLD က စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်ကြောင်းသိရသည်။

 

SNLD သည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်တွင် ၁၃ နေရာ၊ အမျိုးသားလွှတ်တော်တွင် နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ၂၇ နေရာဖြင့် နိုင်ငံတဝန်း ၄၂ နေရာ အနိုင်ရခဲ့သည့် ရှမ်းပါတီကြီးဖြစ်သည်။

 

စစ်ကောင်စီပြင်ဆင်လိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်မှ မတ်လ ၂၈ ရက်အတွင်း ပါတီမှတ်ပုံတင်ဥပဒေသစ်အရ တည်ဆဲပါတီများပါ ပြန်လည် မှတ်ပုံတင်ရမည် ဖြစ်ကာ ပြန်မတင်သည့်ပါတီများက ပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟု ပြဌာန်းထားသည်။

 

မှတ်ပုံမတင်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက်ပယ်ဖျက်ခံရမည့် ရေးအတွက် မည်သို့ ပြင်ဆင် ထားသည်ကို BAP က SNLD ပါတီထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် အကြိမ်ကြိမ် ကြိုးပမ်းသော် လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

 

စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ပြိုင်ရန် မှတ်ပုံတင်ထားသည့် ပါတီပေါင်းသည် မတ်လ ၁၈ ရက်အထိ ၂၉ ပါတီ ရှိနေပြီဖြစ်သည်။

 

မှတ်ပုံတင်ထားသည့်ပါတီများအနက် မြန်မာတစ်နိုင်ငံလုံး စည်းရုံးမည့်ပါတီ ပါတီ ရှိပြီး တိုင်းနှင့် ပြည်နယ် အလိုက် စည်းရုံးမည့်ပါတီ ၂၂ ပါတီ ရှိနေသည်။

 

နိုင်ငံရေးပါတီများ နောက်ဆုံးမှတ်ပုံတင်ရန် မူလသတ်မှတ်ထားသည့်ရက်သည် ရုံးပိတ်ရက်များနှင့် တိုက်ဆိုင် နေသည့်အတွက် မတ်လ ၂၈ ရက်ကို နောက်ဆုံးထား မှတ်ပုံတင်ရန် စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်က အသိပေးထားသည်။

 

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အနေဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း အတိအလင်း ထုတ်ဖော်ကြေညာထားပြီး ဖြစ်သည်။

Burma Associated Press

SNLD
SAC
Election
party
Shan

Share With
bap-logo