bap-logo
Politics

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ခံဝန်ဖြင့် ပြန်လွတ်

dFJO4mPbuz4l15apbhBvK-image

လွန်ခဲ့သော ၂ နှစ် က

ထိုင်းနိုင်ငံမှ ဘီလီယံနာသူဌေးကြီး၊ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ သက်ဆင်ကို ခြောက်လကြာ ထိန်းသိမ်းထားခဲ့ပြီးနောက် တနင်္ဂနွေနေ့တွင် ခံဝန်ကတိဖြင့် လွှတ်ပေးလိုက်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ၎င်းသည် ၁၅ နှစ်ကြာ နိုင်ငံမှ ထွက်ပြေးနေခဲ့ပြီး ထိုင်းနိုင်ငံတွင် ပြန်လည် အဖမ်းခံခဲ့ခြင်းဖြစ်သည်။

 

၎င်းသည် အာဏာအလွဲသုံးစားမှုကို ရှောင်တိမ်းပြီး ၎င်းကိုယ်တိုင် ပြည်ပြေးဘဝခံယူခဲ့ခြင်းဖြစ်သည်။

 

အကျဉ်းထောင်အတွင်း တစ်ညပင် မနေထိုင်ခဲ့ရသည့် အသက် ၇၄ နှစ် အရွယ်ရှိ သူဌေးကြီး၏ မိသားစုပါတီမှာ အာဏာပြန်လည် ရရှိလာခဲ့ကာ ထိုင်းနိုင်ငံ ဘုရင်က ၎င်းကို ထောင်ဒဏ် ၈ နှစ်မှ တစ်နှစ်သို့ လျှော့ချပေးခဲ့သည်။

 

ထောင်သို့ ပြစ်ဒဏ်ကျခံရန် ရောက်ပြီး ကျန်းမာရေးအကြောင်းပြချက်ဖြင့် သက်ဆင်သည် ဇိမ်ခံပစ္စည်းများ ပါဝင်သည့် ဆေးရုံတစ်ရုံသို့ မနက် အာရုံမတိုင်မီ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်သည်။

 

၎င်း၏ သမီးအငယ်ဆုံးဖြစ်သူ Phey Thai ပါတီခေါင်းဆောင် Paetongtarn Shinawatra နှင့်အတူ ဘန်ကောက်နေအိမ်သို့ ယခုအခါ ပြန်လည် ရောက်ရှိသွားပြီဖြစ်သည်။

 

ဝန်ကြီးချုပ်သက်ဆင်အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ သူ ကျန်းမာရေးကောင်းပြီး သူချစ်တဲ့ မိသားစုဆီက ပျော်ရွှင်နွေးထွေးမှု ရမယ်လို့ မျှော်လင့်ပါတယ်။” ဟု အစိုးရအကြံပေး၊ ယခင် စွမ်းအင်ဝန်ကြီးဖြစ်သူ Pichai Naripthapan က X လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

 

လွန်ခဲ့သည့် ခြောက်လက ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းနိုင်ငံသို့ ပြန်လာသည့်နေ့သည် ၎င်း၏ မိတ်ဖက် Srettha Thavisin ဝန်ကြီးချုပ်အဖြစ် စစ်တပ်ကို သစ္စာခံသည့် လွှတ်တော်မှ ရွေးချယ်ခံရသည့်နေ့နှင့်လည်း တိုက်ဆိုင်နေသည့်အတွက် သက်ဆင်သည် Shinwatra အစိုးရ သုံးခုကို ရှစ်နှစ်အတွင်း ဖြုတ်ချခဲ့သည့် အင်အားကြီးရန်သူများနှင့် သဘောတူညီမှုတစ်ခု ညှိနှိုင်းရယူခဲ့သည်ဟု ထင်မြင်ချက်များ ထွက်ပေါ်လာခဲ့သည်။

 

တနင်္ဂနွေနေ့က အရှေ့မြောက်ပိုင်းသို့ Srettha သွားရောက်စဉ် ဥပဒေနှင့်အညီ သက်ဆင်ပြန်လည်လွတ်မြောက်လာသည့်အတွက် ဝမ်းသာကြောင်း မီဒီယာများကို ပြောသည်။

 

သို့သော် ၎င်းပြန်လာခြင်းနှင့် စောလျင်စွာ လွတ်မြောက်မှုမှာ အငြင်းပွားဖွယ်ဖြစ်နေခဲ့ပြီး ၎င်း၏ ကျန်းမာရေးပြဿနာများနှင့်၊ ပျော့ပြောင်းသည့် ပြစ်ဒဏ်တို့အပေါ် သံသယပွားနေကြသည်။

 

အလွန်နေမကောင်းဖြစ်နေတာတဲ့လား? ခံဝန်ကတိတဲ့လား?” ဟုသော စာသားနှင့် သက်ဆင် ဆေးရုံမှ ထွက်ခွာနေပုံကို "RIP ထိုင်းတရားမျှတမှု"ဟုသော hashtag နှင့်အတူ လွှတ်တော်အမတ် Somchai Swangkarn က ဆိုရှယ်မီဒီယာတွေ ဖော်ပြခဲ့သည်။

 

သက်ဆင်သည် အတိတ်တွင် မမျှတသည့် ဆက်ဆံမှုများ ရရှိခဲ့သည်မှာ မငြင်းနိုင်ကြောင်း၊ သို့သော် ၎င်းအပေါ် တရားမျှတမှု ဆောင်ကျဉ်းရေးမှာ "အလျှော့အတင်း ပြုလုပ်သည့် နည်းလမ်းမသုံးသင့်ကြောင်း၊ သို့မဟုတ် ဥပဒေအထက် သီးသန့် ခံစားခွင့် မပေးသင့်ကြောင်း"အတိုက်အခံ Move Forward ပါတီက ပြောသည်။

 

ကိုးကား - Reuters

 

ပုံစာ - ဖေဖော်ဝါရီလ ၁၈ ရက် ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရဲတပ်ဖွဲ့ဆေးရုံမှ ထွက်ခွာလာသည့် သက်ဆင်နှင့် ၎င်း၏ သမီးဖြစ်သူ Paetongtarn Shinawatra (Photo:REUTERS/Athit Perawongmetha)

 

former Prime Minister
Thailand
Thaksin Shinawatra

Share With
bap-logo