bap-logo
Data

ကလေး၊ မသန်စွမ်း၊ သံဃာနှင့်သီလရှင် အပါအဝင် ပြည်သူ ၁၅၃ ဦး တစ်လအတွင်း သတ်ဖြတ်ခံရ

WTspIU6d4B5l3WA1quTVI-image

လွန်ခဲ့သော ၂ နှစ် က

ရန်ကုန်၊ မတ် ၅။

 

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ တစ်လအတွင်း ပြည်သူ ၁၅၃ ဦးကို သတ်ဖြတ်ခဲ့ရာ ကလေးသူငယ် ၁၃ ဦး၊ မသန်စွမ်းသူ ၂ ဦး၊ သံဃာနှင့် သီလရှင် တစ်ပါးစီ ပါဝင်ခဲ့သည်ဟု NUG တရားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 

ဖေဖော်ဝါရီလအတွင်း ပြည်သူသတ်ဖြတ်ခံရမှုတွင် စစ်ကိုင်းတိုင်းသည်အများဆုံးဖြစ်ကာ ဧရာဝတီ တိုင်းမှအပ ကျန်ပြည်နယ်နှင့်တိုင်းများတွင် စစ်ကောင်စီက သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း NUG တရားရေးဝန်ကြီးဌာန မှတ်တမ်းများအရသိရသည်။

 

အသတ်ခံရသူ၏ ၇၆ ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်သည်ဟုလည်းသိရသည်။ တစ်လအတွင်း အမျိုးသားနှင့် အမျိုးသမီးထိခိုက်ဒဏ်ရာရသူ ၉၅ ဦး ရှိခဲ့သည်ဟုလည်းဆိုသည်။

 

ထို့အပြင် ယင်းလအတွင်း စုစုပေါင်း နေအိမ် ခြောက်ထောင်ကျော် (၆၁၃၇ လုံး) မီးရှို့ခံရပြီး ယင်းတို့အနက် ဘာသာရေးအဆောက်အဦး ၁၁ ခုနှင့် စာသင်ကျောင်း  ၁၁ ခုပါဝင်သည်ဟုဆိုသည်။

 

မီးရှို့ခံရမှု အများစုသည် စစ်ကိုင်းတိုင်းအတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စုစုပေါင်း နေအိမ် ငါးထောင် ကျော်  ( ၅၇၆၇ လုံး ) မီးရှို့ခံခဲ့ရသည်ဟု NUG တရားရေးဝန်ကြီးဌာန မှတ်တမ်းများ အရသိရသည်။

 

ပုံစာ - မင်းရွာကြီးကို အကြမ်းဖက်စစ်သားများက မီးတင်ရှို့နေစဉ် မြင်ကွင်း (ဓာတ်ပုံ - လှော်တက်အင်အားစု 126 ပြန်ကြားရေးစာမျက်နှာ)

 

Burma Associated Press

 

 

 

Civilian
died
NUG
Burned

Share With
bap-logo