bap-logo
Politics

၂ ရက်အတွင်း စစ်ရေးဆိုင်ရာပစ်မှတ် ၁၉ ခု တိုက်ခိုက်နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာန ထုတ်ပြန်

QAYZOZbflqL40L3n0BiNQ-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၁၅

 

မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီ စစ်ရေးဆိုင်ရာပစ်မှတ် ၁၉ ခုကို နှစ်ရက်အတွင်း စစ်ကောင်စီ တပ်သား ၃၁ ဦး သေဆုံးသည်အထိ မဟာဗျူဟာကျကျ တိုက်ခိုက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်သည်။

 

ဖေဖေါ်ဝါရီလ ၈ ရက်နှင့် ၉ ရက် နှစ်ရက်အတွင်း မကွေးတိုင်းအတွင်းရှိ လေတပ်စခန်းချုပ်အပါအဝင် ခြေမြန် တပ်ရင်းများ၊ မြို့နယ်ရဲစခန်းများ၊ စစ်တပ်ဆိုင်ရာအဆောက်အအုံများနှင့် စစ်ကောင်စီများ အခြေစိုက်ရာ စခန်း များကို တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။

 

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးရဲဘော်တချို့  ဒဏ်ရာရရှိကြောင်းသိရသည်။

 

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ပင်မအဆောက်အဦးများနှင့် ဘားတိုက်များပျက်စီးကာ ကား၊ လက်နက် ငယ်များ၊ ကျည်ဆန်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိမိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 

Burma Associated Press

MOD
SAC
NUG
Military

Share With
bap-logo