bap-logo
Local News

မူးမြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထောင်နှင့်ချီသည့် ဒေသခံများ စစ်ရှောင်နေရ

OhcTlUET-CygYUU5vhXI0-image

လွန်ခဲ့သော ၂ နှစ် က

မတ်လ ၁၈

 

စစ်ကောင်စီမှ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ() မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ၄၂ လုံးပစ်ခတ်ခဲ့ရာ ကျေးရွာ နှစ်ရွာမှ ဒေသခံပြည်သူ ၁၁၆၂ ဦးထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ထံမှသိရသည်။

 

ယမန်နေ့ မတ်လ ၁၇ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ () တပ်ရင်း () ပူးပေါင်းတပ်များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ထိတွေ့တိုက်ပွဲဖြစ်ပွားသည်နေရာမှာ ထွနီကုန်းကျေးရွာနှင့် ဆေးပုလဲကျေးရွာအကြားဖြစ်ပြီး၊ စစ်ကောင်စီတပ်မှ လက်နက်ကြီး ၄၂ လုံးပစ်ခတ်ခဲ့ရာ၊ ထွနီကုန်းကျေးရွာမှ ဘိုးပိုက်ဆံ(ဗြမ္မာရ်စို) ဘာသာရေး အဆောက်အအုံတခု ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ကထုတ်ပြန်သည်။

 

ထို့ပြင် ဒရုန်းဖြင့်လက်နက်ကြီး ()လုံးကိုလည်း ရေလဲ(ဗမာ) ဘုန်းကြီးကျောင်းပေါ်သို့ ထပ်မံပစ်ချခဲ့ရာ ဘုန်းကြီးကျောင်းဆွမ်းစားဆောင် နှင့်ဓမ္မာရုံ အမိုးများပျက်စီးခဲ့သည်ဟုသိရသည်။

 

စစ်ကောင်စီတပ်မှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ဒေသခံပြည်သူအချို့မှာ နီးစပ်ရာဗုံးခိုကျင်းအတွင်း ပုန်းခိုခဲ့ကြရပြီး၊ ထွနီကုန်းကျေးရွာနှင့် ဆေးပုလဲကျေးရွာ ရွာမှပြည်သူ ၁,၁၆၂ ဦးမှာအသက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း KNU ကဆိုသည်။

 

Photo Crd KNU

Military
refugee
Artillery
Karen

Share With
bap-logo