bap-logo
Politics

အစိုးရအဖွဲ့ အပြောင်းအလဲ ပြုလုပ်ပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နှုတ်ထွက်

ONZGl1_mIhxEMXNPxeP5w-image

လွန်ခဲ့သော တစ်နှစ် က

 

အစိုးရအဖွဲ့အပြောင်းအလဲ ပြုလုပ်ပြီးနောက် ဒုဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရသော Parnpree Bahiddha-Nukara သည် နိုင်ငံခြားရေးဝန်ကြီးရာထူးမှလည်း နှုတ်ထွက်ခဲ့သည်ဟု အစိုးရက တနင်္ဂနွေနေ့တွင် ပြောသည်။

 

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ပဋိပက္ခများကို ဖြေရှင်းရန် အဆိုပြု ကြိုးပမ်းမှုများ ပြုလုပ်နေစဉ် ယင်းကဲ့သို့ နိုင်ငံခြားရေးဝန်ကြီး နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

 

၎င်းသည် မြန်မာ့အရေးဆိုင်ရာ အဖွဲ့တစ်ခုကို ဦးဆောင်နေသူဖြစ်ကာ ပြီးခဲ့သည့်လက လူသားချင်းစာနာမှုဆိုင်ရာ အစီအစဉ်တစ်ခု စတင်ခဲ့ပြီး ၎င်း၏ မျှော်လင့်မထားသော နှုတ်ထွက်မှုက နိုင်ငံခြားရေးဝန်ကြီးဌာနကို အထိန်းအကွပ်မဲ့‌ ကျန်ရစ်စေသည်။

 

Parnpree သည် ဂါဇာမှ ဟားမက်စ်တို့ ဖမ်းဆီးထားသော ထိုင်းဓားစာခံ ဒါဇင်များစွာကို လွတ်မြောက်စေရန် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူလည်း ဖြစ်သည်။

 

ဝန်ကြီးချုပ် Srettha Thavisin က Parnpree နှုတ်ထွက်စာကို လက်ခံရရှိကြောင်း အစိုးရပြောခွင့်ရ Chai Wachronke က Reuters ကို ပြောသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နဲ့ အရာရှိတွေက အစားထိုး လုပ်ကိုင်သွားမှာ ဖြစ်တဲ့အတွက် Parnpree ရဲ့ နှုတ်ထွက်မှုကြောင့် အစိုးရ နိုင်ငံခြားရေးကိစ္စတွေ မထိခိုက်ပါဘူး။ဟု ၎င်းက ပြောသည်။

 

Parnpree နှုတ်ထွက်မှုက ဒုဝန်ကြီးချုပ် Phumtham Wechayachai ကဲ့သို့သော အကြီးတန်းအစိုးရ အရာရှိများ အပါအဝင် အများအပြားကို အံ့အားသင့်စေခဲ့ပြီး ၎င်းက ဒေသတွင်း မီဒီယာများကို မျှော်လင့်မထားကြောင်း ပြောခဲ့သည်။

 

Parnpree ကို မှတ်ချက်တောင်းဆိုရန် ဆက်သွယ်၍ မရခဲ့ပါ။

 

ထိုင်းဘုရင်၏ ထောက်ခံအားပေးမှုဖြင့် Srettha အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အဖွဲ့သစ်ကို တရားဝင် တော်ဝင်ပြန်တမ်းအဖြစ် ထုတ်ပြန်ခဲ့ပြီး Parnpree ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ်သာ စာရင်းထည့်သွင်းထားပြီး နောက်ထပ်ရာထူးဖြစ်သော ဒုဝန်ကြီးချုပ်အဖြစ် ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပေ။

 

ယခင် ကုန်သွယ်ရေးကိုယ်စားလှယ်တစ်ဦးဖြစ်သူ၊ Parnpree သည် ၎င်းကို ဒုဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှားခံရခြင်းသည် ၎င်း၏ ခြေရာခံ မှတ်တမ်းများကြောင့် မဟုတ်ဟု ယုံကြည်ကြောင်း၊ ၎င်းသည် ကောင်းမွန်စွာ လုပ်ကိုင်ခဲ့ပြီး နိုင်ငံတကာတွင် ထိုင်းနိုင်ငံ၏ ပုံရိပ် တိုးတက်စေရန် ကူညီဆောင်ရွက်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများတွင် ဖော်ပြထားသည့် ၎င်း၏ နှုတ်ထွက်စာအရ သိရသည်။

 

ကိုးကား - Reuters

ပုံစာ - ဖေဖော်ဝါရီလ ၁၂ ရက် ၂၀၂၄ ခုနှစ် အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် လာရောက်တွေ့ဆုံခဲ့သော ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara (REUTERS/Evelyn Hockstein/File Photo)

 

Burma Associated Press

Thailand
Parnpree Bahiddha-Nukara
Minister of Foreign Affairs

Share With
bap-logo