bap-logo
Politics

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် NUG ကြေညာ

Mm0bHDKX8_ohTj-Ixm1wG-image

လွန်ခဲ့သော ၂ နှစ် က

ဧပြီ ၅

 

စစ်တပ်ထောက်ခံသည့် နိုင်ငံရေးပါတီအချို့အား တရားမဝင် ဖြတ်လမ်းနည်းဖြင့် အာဏာရရှိစေရန် နည်းလမ်းမျိုးစုံ သုံးကာ ဆောင်ရွက်နေခြင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်-UECကို ယခုနှစ် ဧပြီလ ၄ ရက်တွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ကြေညာ လိုက်သည်။

 

ဒီမိုကရေစီနည်းလမ်းကျ နိုင်ငံရေးပါတီများအား ဆက်လက် မရပ်တည်နိုင်စေရန် မတရားသည့် အမိန့်နှင့် ဥပဒေများ ထုတ်ပြန်ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားပြည်သူအများစုက လုံးဝလက်ခံ သဘောတူခြင်း မရှိသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား တည်မြဲစေရန်ဆောင်ရွက်ခြင်း၊ စစ်အုပ်စု၏ အကြမ်းဖက်မှုလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်နေသည်ဟု NUGက စွပ်စွဲ ပြောဆို ထားသည်။

 

စစ်ကောင်စီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ဥပဒေအရ ရွေးကောက်ပွဲကို ဝင်ပြိုင်ရန် မှတ်ပုံ တင်ထားသည့် ပါတီပေါင်း ၆၃ ပါတီရှိပြီး နိုင်ငံအဝှမ်း စည်းရုံးမည့် ပါတီ ၁၂ ခုနှင့် တိုင်းနှင့် ပြည်နယ်အသီးသီးတွင် စည်းရုံးမည့်ပါတီ ၅၁ ခုပါဝင်သည်။

 

ထို့ပြင် ပါတီမှတ်ပုံတင်ပြန်လည် မတင်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အပါအဝင် ပါတီ ၄၀ ခုကို နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်လိုက်သည်။

 

Burma Associated Press

SAC
Election
party

Share With
bap-logo