bap-logo
International

ထရန့်၏ မူဝါဒကြောင့် သန့်ရှင်းသည့် စွမ်းအင်ကဏ္ဍတွင် တရုတ်၏နောက် အမေရိကန် ကျန်ခဲ့

Lu9GE-_DGkIa9c-YJcMmm-image

လွန်ခဲ့သော ၇ နာရီ က

BAP၊ ဘာသာပြန်။

 

သန့်ရှင့်သည့် စွမ်းအင်သစ်ကို မယုံကြည်နိုင်‌လောက်သည့် ကိန်းဂဏန်းတစ်ခုတည်းဖြင့် အကျဉ်းချုပ် ဖော်ပြရလျှင် အမေရိကန်နိုင်ငံတွင် လက်ရှိ လည်ပတ်နေသည့် စုစုပေါင်း ပြန်လည်ဖြည့်ဖြိုးမြဲ စွမ်းအင် ပမာဏထက် ပိုလွန်၍ တရုတ်နိုင်ငံက တစ်နှစ်တည်းဖြင့် လေအားနှင့် နေရောင်ခြည်စွမ်းအင်တို့ကို တပ်ဆင်နိုင်ခဲ့သည်။

 

သန့်ရှင်းသည့်စွမ်းအင်ကဏ္ဍတွင် လွှမ်းမိုးရေး ကြိုးပမ်းရာ၌ အမေရိကန်ကနိုင်ငံက တရုတ်နိုင်ငံနောက် ပြတ်ကျန်ခဲ့ပြီဟု ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အင်စောင့်ကြည့်သူ (Global Energy Monitor) ထံမှ အချက်အလက်သစ်များက ဖော်ပြနေသည်။ သမ္မတ ‌‌‌‌‌‌‌ဒေါ်နယ်ထရန့်၏ “လှပ ကြီးမားသော” အသုံးစားရိတ်ဉပ‌‌ဒေက သန့်ရှင်းသောစွမ်းအင်ကဏ္ဍတွင် ရှုံးနိမ့်သူအဖြစ် ဆက်လက် တည်ရှိနေစေလိမ့်မည်ဟု ကျွမ်းကျင်သူများက CNN ကို ပြောသည်။

 

ယခုလ အစောပိုင်းက ထရန့် လက်မှတ်ထိုးလိုက်သည့် အသုံးစားရိတ်ဉပဒေက လေအားနှင့် နေရောင်ခြည်စွမ်းအင် ထုတ်လုပ်အသုံးပြုစားရိတ် သက်သာလျှော့ချရေးကို အားနည်းသွားစေခဲ့သည်။ လေအားနှင့် နေရောင်ခြည်မှ ထုတ်လုပ်သည့် ဈေးသက်သာသော အများပြည်သူသုံး လျှပ်စစ်ဓာတ်အားကွန်ယက် တည်ဆောက်ရာတွင် ကုန်ကျစားရိတ်များ မြင့်တက်လာပြီး ပိုမိုဈေးကြီးသည့် ဓာတ်ငွေ့နှင့် အစားထိုးရမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းများနှင့် သုံးစွဲသူများအတွက် ဓာတ်အားခ ဈေးနှုန်များ မြင့်တက်လာမည်ဟု စီးပွားရေးဉီးဆောင်သူများက ဆိုသည်။

 

တစ်ချိန်တည်းမှာပင် သန့်ရှင်းသည့် စွမ်းအင်လုပ်ငန်းမှ ရန်ပုံငွေများကို ဖြတ်တောက်လိုက်သည့်အတွက် ပိုမိုအကျိုးရှိစေသည့် နည်းပညာနှင့် ပိုမိုကောင်းမွန်သော ဘက်ထရီသိုလှောင်မှုနည်းပညာများ ရရှိရန် ကြိုးပမ်းနေမှုမှာ အားနည်းသွားခဲ့ရသည်။

 

ထိုအချိန်တွင် တရုတ်နိုင်ငံက နေရောင်ခြည်နှင့် လေအားမှ ၅၁၀ ဂစ်ဂါဝပ် အသုံးပြုနိုင်ရန် လက်ရှိတည်‌ဆောက်နေသည်ဟု Golbal Energy Monitor ထံမှ သိရသည်။ ၎င်းပမာဏမှ အံ့အားသင့်ဖွယ် ၁၄၀၀ ဂစ်ဂါဝပ်အထိ လက်ရှိ အသုံးပြုနိုင်ပြီဖြစ်ကာ ၎င်းပမာဏမှာ အမေရိကန်နိုင်ငံတွင် လည်ပတ်နေသည်ထက် ငါးဆရှိသည်။

 

ပွဲကတော့ ပြီးသွားပါပြီ။” ဟု Asia Society Policy Institute မှ China climate hub ညွှန်ကြားရေးမှူး Li Shuo က ဆိုသည်။

 

လေအားနှင့် နေရောင်ခြည်ကို အားဖြည့်‌ထောက်ကူပေးထားသည့် စွမ်းအင်ကို သိုလှောင်ထားနိုင်သော ကြီးမားသည့် ဘက်ထရီကြီးများသည် အမေရိကန်နိုင်ငံအတွက် လွှမ်းမိုးနိုင်သည့် အင်အားတစ်ရပ်အဖြစ် တိုးတက်လာခဲ့သော်လည်း ပမာဏအနေဖြင့် အလွန်သေးငယ်သည်။ အမေရိကန်နိုင်ငံတွင် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း အသုံးပြုနိုင်လာသည့် ဓာတ်အားသစ်များ၏ အဓိက ပမာဏ အများအပြားမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်ပြီး ယခုအခါ ၎င်းတို့အနက် ၈၅ ရာခိုင်နှုန်းခန့်မှာ နိုင်ငံတော်မှ အလှည့်ကျ ခွင့်ပြုချက်ရရန် စောင့်ဆိုင်းနေရသည်။

 

ထရန့်၏ ဉပ‌ဒေ‌ကြောင့် လာမည့် ဆယ်စုနှစ်တွင် စွမ်းအင်ကွန်ရက်သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဝင်ရောက်မှု တစ်ဝက်ခန့် ရပ်တန့်သွားမည်ဟု Rhodium Group ဘက်မလိုက် ပညာရှင်အဖွဲ့၏ ပုံစံပြုတွက်ချက်မှုအရ သိရသည်။ ဆိုလိုသည်မှာ အမေရိကန်နိုင်ငံရှိ ပြည်နယ်တစ်ခုစီတွင် လျှပ်စစ် ဈေးနှုန်းများ မြင့်တက်လာမည်ဟု ဆိုလိုသည်။ ထိုသို့ဖြစ်ရသည်မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှု စားရိတ် တိုးမြင့်လာခြင်း၊ ဈေးကြီးသည့် ဓာတ်ငွေ့နှင့် အစားထိုးလာရခြင်းတို့ကြောင့်ဖြစ်သည်ဟု CNN က တင်ပြခဲ့သည်။

 

တရုတ်နိုင်ငံတွင် လေအားနှင့် နေရောင်ခြည် ထုတ်လုပ်ရာရင်းမြစ်များမှာ မြို့ကြီးများနှင့် ဝေးရာမှာရှိနေသေးသော်လည်း ဓာတ်ငွေ့သုံးကားများကို မတွေ့ရသလောက်ဖြစ်ကာ လျှပ်စစ်ကားများကို အသုံးပြုနေကြပြီဟု Shuo က ဆိုသည်။

 

ရုပ်ကြွင်းလောင်စာရဲ့ အကျိုးအမြတ်‌‌ကြောင့် မ‌ပြောင်းလဲသူတွေ ရှိနေ‌သေးပေမယ့် ယေဘုယျအားဖြင့် စွမ်းအင်ထုတ်လုပ်မှုမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိုစိတ်ဝင်စားမှု တိုးလာနေပါတယ်။” က Shuo ပြောသည်။

 

ကိုးကား - CNN

 

ပုံစာ - ဧပြီလ ၁၄ ရက် ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံမြောက်ပိုင်း Ningxia ဒေသ ကန္တာရတွင်း ဆိုလာပြားများ သယ်ယူနေသည့် အလုပ်သမားများ။ (Photo: AFP/Getty Images)

 

Burma Associated Press

 

 

china
Donald Trump

Share With
bap-logo