bap-logo
International

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွား

LkyNDbPGGTjQoCP7ma01i-image

လွန်ခဲ့သော ၂ နှစ် က

ကော့ဘဇား - မတ် ၆


 
တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုတွင် မီးလောင်မှု အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး လူထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း မီးသတ်အရာရှိတစ်ဦးနှင့် ကုလတာဝန်ရှိသူများက ပြောကြားခဲ့သည်။


 
သို့သော် ကော့ဘဇားခရိုင် ဘာလုခါလီဒုက္ခသည်စခန်း မီးလောင်မှုအတွင်း အသေအပျောက် တစုံတရာ မရှိခဲ့ကြောင်း မီးသတ်တာဝန်ရှိသူ အမ်ဒဒူဟာ့ခ်က ပြောသည်။


 
မီးလောင်မှုနှင့်ပတ်သက်၍ ရိုဟင်ဂျာဒုက္ခသည် စေတနာ့ဝန်ထမ်းများက ကုလအဖွဲ့နဲ့အတူ တုန့်ပြန် ဆောင်ရွက်ကာ အကူအညီပေးနေကြောင်း ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး က တွစ်တာတွင် ပြောကြားခဲ့ပြီး နောက်ထပ် အသေးစိတ်ဖော်ပြခြင်းမရှိခဲ့ပါ။

 


 
မြန်မာစစ်တပ်က ရက်စက်စွာ ဖြိုခွင်းခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်လမှ စတင်ကာ နယ်စပ် ဖြတ်ကျော်လာသူ ၇၄၀,၀၀၀ ခန့် အပါအဝင် ဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံလာသူ တစ်သန်းကျော်ရှိပြီဖြစ်ကြောင်းသိရသည်။


 
 
Source – CNA/Al Jazeera/ပုံ - ဘာလုခါလီဒုက္ခသည်စခန်း မီးလောင်မှုမြင်ကွင်း။

Rohingya
Cox's Bazar
Balukhali
Bangladesh
Refugee camp
fire broke out

Share With
bap-logo