bap-logo
Politics

NUG ဝန်ကြီးများ၊ ဦးကျော်မိုးထွန်းတို့ နယူးယောက်ရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံခဲ့

KLuJrPyJfcuhmy6xWdLhl-image

လွန်ခဲ့သော ၂ နှစ် က

အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယ ဝန်ကြီး ဦးမိုးဇော်ဦးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ရှိ မြန်မာ မိသားစုများနှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်တွင် တွေ့ဆုံခဲ့ကြသည်။

 

အဆိုပါတွေ့ဆုံပွဲတွင် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က အမေရိကန်ပြည်ထောင်စုခရီးစဥ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေး သွားမည် ဟု ဆိုခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်က ယူကေခရီးစဉ်တွင် ယူကေ နိုင်ငံခြားရေးဝန်ကြီး James Cleverlyနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်။

Burma Associated Press

 

 

U Kyaw Moe Htun
NUG
American
Myanmar
Moe Zaw Oo
Zin Mar Aung

Share With
bap-logo