bap-logo
Local News

အသက်မပြည့်သေးသူအပါအဝင် အရပ်သား ၄ ဦးကို ရှမ်း - ကယား နယ်စပ် တွင် စစ်ကောင်စီက သတ်ဖြတ်ခဲ့

JPD7pwQt3k89x3f7Mf6tz-image

လွန်ခဲ့သော ၂ နှစ် က

 

မတ် ၁၄။

အသက်မပြည့်သေးသူအပါအဝင် အရပ်သား ဦးကို ရှမ်း - ကယားနယ်စပ် တစ်နေရာတွင် စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု-PKPFက ယမန်နေ့က ထုတ်ပြန်ထားသည်။

 

အသတ်ခံရသူများထဲတွင် အမျိုးသား ဦး၊ အသက် ၈၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်သည်ဟု ဆိုသည်။

 

ပြီးခဲ့သည့် မတ်လ ၁၁ ရက်တွင်လည်း စစ်ကောင်စီက ပင်လောင်းဒေသ၊ နမ်းနှိမ်ရွာအတွင်း ဝင်ရောက်စီးနင်းခဲ့ပြီး ဘုန်းကြီး သုံးပါးအပါအဝင် ၂၈ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။

 

အာဏာသိမ်းပြီးချိန်မှစ၍ ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကောင်စီ တပ်သည် ကရင်နီ (ကယား) ပြည်နယ်အတွင်း အရပ်သား ၃၀၉ ဦး သတ်ဖြတ် ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၁၉၇ ကြိမ် ပြုလုပ်ခဲ့ကာ အရပ်သား ၂၇၉ ဦး ကို မတရား ဖမ်းဆီးခဲ့သည်ဟု PKPF ထုတ်ပြန်ချက်အရ သိရသည်။

 

ထို့အပြင် တိုက်ပွဲ ဖြစ်ပွားမှု ၅၈၆ ကြိမ် ရှိခဲ့ပြီး စစ်ကောင်စီတပ်သား ,၆၃၅ ဦး သေဆုံးခဲ့ကာ KNDF/PDF/KAဘက်က စစ်သည် ၂၂၄ ဦး ကျဆုံးခဲ့ပြီးဖြစ်သည်။

 

ပုံစာ - ရှမ်း-ကယား နယ်စပ်တစ်နေရာ (ပုံဟောင်း)

Burma Associated Press

 

 

 

Kayah
Military
killed
Civilian
child

Share With
bap-logo