bap-logo
Politics

မန္တလေးတွင် UG ၁၆ ဦးကို ဖမ်းဆီးရမိဟု စစ်ကောင်စီထုတ်ပြန်

IJnfRHub0XYCnpdl9nr9i-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ -

 

မန္တလေးမြို့တွင် နှစ်ကူးကာလအတွင်း စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသည့် မြို့ပြပြောက်ကျား အဖွဲ့ဝင် ၁၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက မနေ့ကညပိုင်းက ၎င်းတို့ထိန်းချုပ်ထားသည့် မီဒီယာမှတဆင့် ထုတ်ပြန်ခဲ့သည်။

 

Mandalay Young Force (MYF)နှင့် ဝက်လက် PDF အဖွဲ့ဝင် ၁၆ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု ယင်းကဆိုထားသည်။

 

Mandalay Young Force(MYF) အဖွဲ့ဝင်များဖြစ်သည့် ကျော်မင်းခန့်၊ ဟိန်းထက်အောင်()ကိုဟိန်း တို့ အား ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတွင် ၄၈ လမ်းနှင့် ၄၉ လမ်းကြား ၁၀၅ လမ်းအနီး ချမ်းမြသာစည် မြို့နယ်၌ ဖမ်းဆီးရမိခဲ့သည်။

 

ယင်းနောက် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ဦး (စုစုပေါင်း ၁၆ ဦး)တို့အား PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်ရီမုမိုင်း ၁၁ လုံး၊အချိုရည်ဘူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း လုံး၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

 

စစ်ကောင်စီက ဖမ်းဆီးရမိသူများမှာ မန္တလေးက UG များဖြစ်ကြောင်း စွပ်စွဲပြောထားသော်လည်း တော်လှန်ရေး အဖွဲ့ဖက်ကတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပေ။

 

Burma Associated Press

Mandalay
Guerrilla
Military
arrest

Share With
bap-logo