bap-logo
Crime

အလယ်တန်းပြဆရာမတစ်ဦး အသတ်ခံရမှုကို အဖြစ်မှန်ဖော်ထုတ်ပေးရန် ရခိုင်လူမှုအဖွဲ့ အစည်းများ တောင်းဆို

DPDlPce1fWR4m7ZT-5AI0-image

လွန်ခဲ့သော ၂ နှစ် က

စက်တင်ဘာ ၁၈။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် အလယ်တန်းပြဆရာမတစ်ဦး အသတ်ခံရမှုကို တာဝန်ရှိ အဖွဲ့အစည်း များက အဖြစ်မှန်ဖော်ထုတ်ပေးရန် ရခိုင်လူမှုအဖွဲ့အစည်းများက ယမန်နေ့က အသီးသီး ထုတ်ပြန် တောင်းဆို လိုက်သည်။

 

ရခိုင်ပြည်လုံးဆိုင်ရာပညာရေးကွန်ရက်၊ ရခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် အမေရိကန်ရောက် ရသေ့တောင် မြို့နယ်သူ/သားများ အဖွဲ့အစည်းတို့က စက်တင်ဘာ ၁၇ ရက်တွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

 

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ယခုဖြစ်စဉ်သည် ပညာရေးအသိုင်းအဝိုင်းအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်ပြီး ဝေးလံ ခေါင်ဖျား သောအရပ်ဒေသသို့ သွားရောက် တာဝန်ထမ်းဆောင်ရမည့် ပညာရေးဝန်ထမ်းများအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်သည်ဟု ဆိုထားသည်။

 

ရခိုင်ဒေသတွင်း သတင်းများအရ စက်တင်ဘာ ၁၆ ရက်က ဆရာမ ဒေါ်နှင်းယုနွယ်သည် နေထိုင်ရာ ကျွန်းပေါ် ပေါက်တောကျေးရွာမှ ပန်းဖော်ပြင် အလယ်တန်းကျောင်းသို့ စာပြရန်သွားသည့် လမ်းတစ်နေရာတွင် လူတစ်စု က သတ်ဖြတ်ခဲ့သည်ဟု ဖော်ပြထားကြသည်။

 

လက်ရှိအချိန်ထိ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်အမှန်ကို BAP က ရှင်းရှင်းလင်း မသိရှိရသေးဘဲ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA /AA) က အဆိုပါဖြစ်စဉ်ကို ဖော်ထုတ်စစ်ဆေးနေသည်ဟုလည်း သိရသည်

 

ပုံစာ- အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ် ( ဓာတ်ပုံ- လူမှုကွန်ရက် )

 

Burma Associated Press

teacher
Killed
Rakhine

Share With
bap-logo