bap-logo
Politics

အမေရိကန်ပစ်မှတ်များကို သူလျှိုဂြိုဟ်တုမှ ကြည့်ဟု ကင်ဂျုံအန်ပြော

CthqKG5ZtX5gPFllDWYls-image

လွန်ခဲ့သော ၂ နှစ် က

မြောက်ကိုရီးယားက အသစ်လွှတ်တင်လိုက်သော စစ်ဘက်သူလျှိုဂြိုဟ်တုက တောင်ကိုရီးယားနှင့် အမေရိကန် စစ်စခန်းများ၏ ဓာတ်ပုံများ ပေးပို့ခဲ့သည်ဟု ပြောသည်။

 

ကင်ဂျုံအန်က အမျိုးသားအာကာသနည်းပညာစီမံအုပ်ချုပ်ရေး (National Aerospace Technology Administration) ပြုံယမ်းအထွေထွေထိန်းချုပ်ရေးစင်တာကို သောကြာနေ့က သွားရောက်ခဲ့ပြီး သူလျှိုဂြိုဟ်တုအသုံးပြု၍ တိုးတက် မှုများကို ကြည့်ရှုခဲ့သည်။

 

“စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုလ်တုက ကိုးရီးယားကျွန်းဆွယ်အပေါ်မှ ဖြန်သန်းစဉ် ယင်းနေ့ မနက် ၁၀:၁၅ မှ ၁၀:၂၀ အတွင်း ရိုက်ကူးထားသည့် Mokpho Kunsan Phyongthaek Osan Seoul နှင့် အခြားနယ်မြေများစွာ ပါဝင်သည် ရန်သူ့အရေးပါသော နယ်မြေများမှ အသေးစိတ် ဓာတ်ပုံများကို ကင်ဂျုံအန်က ကြည့်ရှုလေ့လာခဲ့သည်။” ဟု နိုင်ငံပိုင် မီဒီယာ Korean Central News Agency က ဖော်ပြသည်။

 

ရန်သူ့နယ်မြေကို ဓာတ်ပုံရိုက်ကူးမှုအစီအစဉ်များအကြောင်းနှင့် နိုဝင်ဘာ ၂၅ ရက်နေ့က ထောက်လှမ်းရေး ဂြိုဟ်တု၏ အသေးစိတ်လုပ်ငန်းငန်းစဉ်များ ထပ်မံပြင်ဆင်မွမ်းမံမှုတို့ကို NATA က အစီရင်ခံတင်ပြခဲ့သည်။” ဟုလည်း ဖော်ပြထားသည်။

 

Humphreys စခန်းသည် Pyeongtake မြို့တွင် တည်ရှိသော အမေရိကန်မြို့စောင့်တပ်ဖြစ်ပြီး အမေရိကန်စစ်တပ်မှ နိုင်ငံရပ်ခြားတွင် လှုပ်ရှားသည့် အကြီးဆုံးအခြေစိုက်စခန်းဖြစ်သည်။

 

ကင်ဂျုံအန်သည် ထိန်းချုပ်ရေးစင်တာသို့ စနေနေ့တွင် ပြန်လာခဲ့ကာ တောင်ကိုရီးယား Jinhae Busan Ulsan Pohang Daegu Gangneung ဒေသများ၏ ဂြိုဟ်တုဓာတ်ပုံများကို ကြည့်ရှုခဲ့သည်။

 

မြောက်ကိုရီးယားသည် ပုလဲဆိပ်ကမ်းရှိ ရေတပ်အခြေစိုက်စခန်းနှင့် Hickam လေတပ်အခြေစိုက်စခန်းတို့၏ ဓာတ်ပုံများကိုလည်း ရယူခဲ့သည်ဟု KCNA က တင်ပြထားသည်။

 

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာသည် သက်ဆိုင်ရာ ဂြိုဟ်တုဓာတ်ပုံများကို တစ်ပုံမျှ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

 

တောင်ကိုရီးယား ညှိနှိုင်းကွပ်ကဲရေးမှူးက Malligyong-1 ဂြိုဟ်တု ပတ်လမ်းကြောင်းအတွင်း အောင်မြင်စွာ လွှတ်တင်မှုကို ဗုဒ္ဓဟူးနေ့က အသိအမှတ်ပြုခဲ့သော်လည်း ၎င်း၏ လုပ်ဆောင်နိုင်မှုကိုမူ အတည်မပြုခဲ့ပေ။

 

မြောက်ကိုရီးယား၏ ယခုဂြိုဟ်တုလွှတ်တင်ခြင်းသည် ဂြိုဟ်ပတ်လမ်းအတွင်း စစ်ဘက်ဆိုင်ရာ သူလျှိုဂြိုဟ်တု သုံးကြိမ်မြောက် လွှတ်တင်ခြင်းဖြစ်သည်။ မေလနှင့် ဩဂုတ်လတို့တွင် သူလျှိုဂြိုဟ်တုများ လွှတ်တင်ရန် ကြိုးပမ်း ခဲ့သော်လည်း နည်းပညာအခက်အခဲများကြောင့် မအောင်မြင်ခဲ့ပေ။

 

မြောက်ကိုရီးယား၏ စစ်ရေးစွမ်းဆောင်မှုများကို အခိုင်အမာဖြစ်စေရန် အနာဂတ်တွင်လည်း ယခုကဲ့သို့ လုပ်ဆောင်မှုများ ဆက်လက်ပြုလုပ်ရန် စီစဉ်ထားသည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြထားသည်။

 

ကိုးကား - Fox News

ပုံ - (Kim Jae-Hwan/SOPA Images/LightRocket via Getty Images)

Burma Associated Press

 

 

North Korea
pearl harbour
Kim Jong Un
spy satellite
hickam air force base
American

Share With
bap-logo