bap-logo
Politics

တရုတ် အိမ်ခြံမြေ ရှယ်ယာကျဆင်းမှုကြောင့် လူလတ်တန်းစားတို့၏ ချမ်းသာကြွယ်ဝမှုထိခိုက်

6oMw55LJ0KwBjtPfa7QqL-image

လွန်ခဲ့သော ၂ နှစ် က

 

စတော့ရင်းနှီးမြှုပ်နှံမှု ၃၀% ကျဆင်းခြင်း၊ လစာ ၃၀% ကျဆင်းခြင်း၊ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ၂၀% ကျဆင်းခြင်းတို့ကြောင့် Thomas Zhou ပြန်လည်သုံးသပ်သကဲ့သို့ပင် ၂၀၂၃ ခုနှစ်တွင် ၎င်း၏ အိမ်ရာဆိုင်ရာ ဘဏ္ဍာရေးမှာ စိုးရိမ်ဖွယ်အကောင်းဆုံးဖြစ်သည်။

 

ရင်ကွဲရတာပေါ့ဗျာ။ဟု ရှန်ဟိုင်းမှ အသက် ၄၀ အရွယ်ရှိ ၎င်းဘဏ္ဍာရေးဝန်ထမ်းက ပြောသည်။ "ကျွန်တော့် အလုပ် ဆက်မြဲနေဖို့အတွက်ပဲ ရှေ့ဆက်နေရတာပါ။ ဒါမှ ကျွန်တော့်ရဲ့ မိသားစုကြီးကို ထောက်ပံ့နိုင်မှာလေ။”

 

Zhou အခက်အခဲသည် အိမ်ခြံမြေကဏ္ဍနှင့် စတော့ဈေးကွက်တွင် ကျွံဝင်မှုကြောင့် အိမ်ထောင်စု ချမ်းသာမှုများ ပျောက်ဆုံးသွားသည့် တရုတ်မှ လူပေါင်းများစွာကို ထင်ဟပ်နေခြင်းဖြစ်သည်။ ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွားရေးကြီးသည် ကိုဗစ်-၁၉ အိမ်တွင်းအောင်းနေထိုင်ရေးနောက်ပိုင်း နှစ်များတွင် ယခင် အရှိန် အဟုန် ပြန်လည်ရရှိရန် ရုန်းကန်နေရပြီး အလုပ်လက်မဲ့အန္တရာယ်လည်း မြင့်တက်လာနေသည်။

 

ယခုအခါ လူလတ်တန်းစားအိမ်ထောင်စုများသည် ၎င်းတို့၏ ငွေကြေးဦးစားပေးအစီအစဉ်များကို ပြန်လည် စဉ်းစားရန် အတင်းအကျပ်ဖိအားများရှိလာပြီး အချို့က ရင်းနှီးမြှုပ်နှံမှုမှ စွန့်ခွာသွားကြခြင်း သို့မဟုတ် ငွေဖြစ် လွယ်ရန် ပိုင်ဆိုင်မှုများကို ရောင်းချနေကြသည်။

 

မိသားစု ချမ်းသာကြွယ်ဝမှုများ ကျဆင်းရခြင်း၏ ဗဟိုအကြောင်းရင်းမှာ တရုတ် အိမ်ခြံမြေရှယ်ယာ ကျဆင်းခြင်းဖြစ်ကာ အိမ်ခြံမြေများနှင့် မိသားစုပိုင်ဆိုင်မှုများ ၇၀% ချိတ်ဆက်ထားသည့်အတွက် လူမှုအသိုင်းအဝိုင်းအတွင်း ကျယ်ပြန့်စွာ ထိခိုက်မှုဖြစ်ပေါ်နေသည်။ အိမ်ခြံမြေဈေးနှုန်း ၅% ကျဆင်းတိုင်း အိမ်ယာကြွယ်ဝမှု ယွမ် ၁၉ ထရီလီယံ (ဒေါ်လာ၂. ထရီလီယံ) ဆုံးရှုံးမည်ဟု Bloomberg Economics က ဖော်ပြသည်။

 

ဒါက လာမယ့်နှစ်တွေမှာ ချမ်းသာကြွယ်ဝမှုတွေ ပိုပြီး ဆုံးရှုံးဖို့ အစပိုင်းပဲ ဖြစ်နိုင်တယ်။ဟု စီးပွားရေးပညာရှင် Eric Zhu က Bloomberg Economics ကို ပြောသည်။ "ဈေးတွေ ဆက်တိုက် ပြန်တက်လာတာမရှိဘဲနဲ့တော့ ဘဏ္ဍာရေးကြွယ်ဝမှုမှာ နည်းနည်းလောက် ရရုံနဲ့ အိမ်ရာကြွယ်ဝမှု အဆုံးအရှုံးတွေကို ကာမိမှာ မဟုတ်ဘူး။

 

တရုတ်နိုင်ငံ တရားဝင်အချက်အလက်များက ရှိနှင့်ပြီး အိမ်ဈေးနှုန်းများ အနည်းငယ်သာ ကျဆင်းသည်ဟု ပြသနေသော်လည်း အိမ်ခြံမြေပွဲစားများနှင့် ပုဂ္ဂလိက အချက်အလက်ထုတ်ပြန်သူများက အကြီးဆုံး မြို့ကြီး များ၏ အဓိကနေရာများတွင် အနည်းဆုံး ၁၅% ကျဆင်းနေသည်ဟု ညွှန်ပြနေကြသည်။

 

အိမ်ရာကဏ္ဍတန်ဖိုးသည် ၂၀၂၆ ခုနှစ်တွင် လက်ရှိ အသားတင်ပြည်တွင်းထုတ်လုပ်မှု ၏ ၂၀% မှ ၁၆% ခန့်အထိ ကျဆင်းသွားနိုင်သည်ဟု Bloomberg Economics က ဖော်ပြသည်။ ၎င်းပမာဏသည် လူပေါင်း ၅ သန်း သို့မဟုတ် မြို့ပြအလုပ်သမား ၁% ခန့်ကို အလုပ်လက်မဲ့ဖြစ်ခြင်း သို့မဟုတ် ဝင်ငွေလျော့ကျစေမည့် အန္တရာယ် ဖြစ်ပေါ်စေနိုင်သည်။

 

ကိုးကား - Bloomberg

(Photo: Qilai Shen/Bloomberg via Getty Images)

 

 Burma Associated Press

china
Stock investment

Share With
bap-logo