bap-logo
Politics

အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းအပါအဝင် ၊ ၄ ဦးကို အပြီးသတ်အမိန့် ချမှတ်

6ACmm-wgRHHFRR3qQsQTL-image

လွန်ခဲ့သော ၃ နှစ် က

ဒီဇင်ဘာ ၂၈

 

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းအပါအဝင်၊ ၄ ဦးကို ယခုရက်ပိုင်း အတွင်း စစ်ကောင်စီလက်အောက်ခံ တရားရုံးများမှ အပြီးသတ်အမိန့်များ ချမှတ်ခဲ့ကြောင်းသိရသည်။

 

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်က ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌမဆုရည်လင်းကို နောက်တိုးစွပ်စွဲချက် ပုဒ်မ ၄၂၀ - က နှင့် ၄၆၈ တို့အရ ထောင်ဒဏ် နှစ်ကို တစ်ပေါင်းတည်း နှစ် ကျခံစေရန် ယနေ့တွင် အမိန့်ချခဲ့ကြောင်း ရန်ကုန်တက္ကသိုလ်သမဂ္ဂရုံးမှ သိရသည်။

 

မဆုရည်လင်းကို ယခင်က ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် ချမှတ်ထား ခဲ့ပြီးဖြစ်ကာ၊ လက်ရှိထောင်ဒဏ်အပါအဝင် စုစုပေါင်းထောင်ဒဏ် နှစ် ချမှတ်ခံထားရခြင်းဖြစ်သည်။

 

မဆုရည်လင်းအပြင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများဖြစ်သည့် မရွှေရည်ဝင်း၊ ကိုဉာဏ်ဝင်းထက် နှင့် ကိုလင်းထက်ကိုကိုတို့ သုံးဦးကိုလည်း ဒီဇင်ဘာ ၂၆နှင့် ၂၇ ရက်များတွင် ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။

 

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက် ညကြည့်မြင်တိုင်နေအိမ်တွင် အကြမ်းဖက်ဖမ်းဆီးခံခဲ့ရသည့် မရွှေရည်ဝင်းကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကဖြင့် ထောင်ဒဏ် နှစ်၊ ဧပြီလ ၁၂ ရက်တွင် ဖမ်းဆီးခံခဲ့ရသည့် အရှေ့တိုင်းပညာအထူးပြုကျောင်းသား ကိုလင်းထက်ကိုကိုအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀- ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

ထို့အပြင် ဇွန်လ ၃၀ ရက်က ဒေါပုံမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည့် ကိုဉာဏ်ဝင်းထက်အား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ဖြင့် ထောင်ဒဏ် နှစ်၊ ပုဒ်မ ၅၁ - ဖြင့် ထောင်ဒဏ် နှစ် စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည့်အပြင်၊ ထပ်တိုးပုဒ်မဖြင့် နောက်ဆက်တွဲ တရားစွဲဆိုထားကြောင်းလည်း သမဂ္ဂရုံးမှ ဆိုသည်။

 

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ အဖမ်းဆီးခံကျောင်းသား/သူများအား ယခုနှစ် နောက်ဆုံးရက် သတ္တပတ်တွင် အပြီးသတ်အမိန့်များ ချမှတ်နေပြီး၊ အမြင့်ဆုံးထောင်ဒဏ်မှာ ၂၆ နှစ် ဖြစ်သည်။

Burma Associated Press

 

University Student
Military
sentenced

Share With
bap-logo